DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 14, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၂,၃၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၈၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၃,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၇၀၀ ကျပ်လောက် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံ
ရန်ကုန်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီကတော့ ၁ အိတ်ကို ၃၆,၃၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၃၃,၅၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပဲလွန်းဖြူက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၉,၈၀၀ ကျပ်ကနေ ငွေကျပ် ၈၂,၂၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁၀,၀၀၀ ကျပ်ကျော် ဈေးကျဆင်းသွားခဲ့ပါတယ်။ ပဲလွန်းဖြူ အများဆုံး ဝင်တဲ့ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၈၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၈,၀၀၀ ကျပ်လောက် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုကတော့ ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၈,၀၀၀ ပေါက်ဈေးရှိပြီး နှမ်းညို အများဆုံးဝင်တဲ့ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၃,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၄,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက်က ၁ အိတ်ကို ၁၀၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၈,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ်လောက် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၀,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၆၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
ပြောင်းအဓိက ထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၃,၇၀၀ ကျပ်ကနေ ငွေကျပ် ၂၄,၉၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးမှာတော့ စီပီပြောင်းက ၁ အိတ်ကို ၁,၀၀၀ ကျပ်လောက် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေး ၁ အိတ်ကို ၃,၀၀၀ လောက် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013