DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာ ခြေလျင်တောင်တက်အဖွဲ့  ရွာငံမြို့နယ်ရှိ ပေ ၇,၈၀၀  အမြင့် တောင်ပေါ် တက်မည်
DVB
·
December 14, 2017
မိတ္ထီလာ ခြေလျင်တောင်တက်အဖွဲ့  ရွာငံမြို့နယ်ရှိ ပေ ၇,၈၀၀  အမြင့် တောင်ပေါ် တက်မည်
Donate to DVB

 

မိတ္ထီလာခရိုင် ခြေလျင်နှင့်တောင်တက်အဖွဲ့အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ရွာငံမြို့နယ် ပေ ၇,၈၀၀ မြင့်တဲ့ အရှေ့မြင် အနောက်မြင်တောင်ကို တောင်တက်အဖွဲ့ဝင် ၇၀ ကျော်တက်ရောက်ဖို့ရှိနေပါတယ်။

မိတ္ထီလာ ခြေလျင်နှင့်တောင်တက်အဖွဲ့ အမှုဆောင် ဦးအောင်ကြိုင်က “ရွာငံမြို့နယ်က အရှေ့မြင် အနောက်မြင်တောင်ကို တက်ဖို့ အဖွဲ့ဝင်တွေ လေ့ကျင့်နေကြတယ်။ အမြင့်ပေများတဲ့ တောင်တက်တာ ဒီတောင်အပါ တောင် ၅ တောင် ရှိပြီပေါ့။ ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လယ်ထွက်မယ်။ ၁၇ ရက်နေ့ မနက်အစောမှာ စတက်မယ်။ ဝတ်စုံတွေနဲ့ အခြားပံ့ပိုးမှုကို ဆေးကုမ္ပဏီတွေက လုပ်ဆောင်ပေးတယ်။ ပိုတဲ့ငွေကြေးကို မေတ္တာရေကြည် ဘုန်းတော်ကြီး သင်ကျောင်းနဲ့ တည်းခိုရတဲ့ ရွာပညာရေးကို လှူဒါန်းပေးတယ်။ ကျနော်တို့ အဖွဲ့မှာ လူတန်းစား အလွှာပေါင်းစုံ ပါဝင်ပါတယ်” လို့ ပြောပါတယ်။

အနာဂတ်ရဲ့ လူငယ်တွေ ကျန်းမာပြီး မူးယစ်ကင်းစင်ကာ တောတောင်သဘာဝကို ချစ်ခင်လာစေဖို့ တောင်တက်အားကစားကို လေ့ကျင့်လုပ်ဆောင်နေတာလို့ ခြေလျင်နှင့် တောင်တက်အဖွဲ့ အမှုဆောင် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြတ်မင်းကပြောပါတယ်။

“တောင်တက်ရတဲ့ အားကစားမှာ ကောင်းကျိုးရှိတာတွေ အများကြီးပါ။ အဲဒီထဲကမှ ကျန်းမာရေး ပြည့်စုံမယ်။ လူငယ်တွေဆိုရင် တခြားကို စိတ်မပြန့်လွင့်တော့ဘဲ မူယစ်ဆေးဝါး ကင်းစင်သွားမယ်။ တောတောင်သဘာဝကို ချစ်တတ်လာမယ်။ တောင်တက်အားကစား လုပ်ဆောင်ပြီး မိမိကိုယ်ကိုယ် ယုံကြည်လာမယ်။ ဇွဲရှိလာမယ်။ ဒီအားကစားကို ချစ်ခင်မြတ်နိုးလာမယ်။”

တောင်တက်အဖွဲ့တွေအနေနဲ့ တောင်တက်တဲ့နေရာ၊ လေ့ကျင့်တဲ့နေရာတွေမှာ အမှိုက်တစ မကျန်အောင် နဂိုရှိနေတဲ့ အမှိုက်ကိုတောင် ကောက်ပေးခဲ့တယ် လို့ လည်းဆို ပါတယ်။

မိတ္ထီလာ ခြေလျင်နှင့်တောင်တက်အဖွဲ့ကို ၂၀၁၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဥက္ကဋ္ဌ ဦးဝင်းမျိုးသန်း(ခ)ဦးတွင်းတွင်းနဲ့ အတွင်းရေးမှူး ဦးငယ်လေးတို့ ဦးဆောင်ပြီး အမှုဆောင် ၈ ဦး ပါဝင်ပါတယ်။

စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင် ၂၀ နဲ့ ဖွဲ့ခဲ့ကာ အဖွဲ့ဝင် ၁၃၀ ကျော်ရှိနေပြီး အသက် ၇၀ ကျော် အဘိုး ၂ ဦးနဲ့ အဘွား ၁ ဦးလည်း ပါဝင် တောင်တက်နေတယ်လို့ သိရပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013