DVB Logo
Home
မြန်မာသတင်း
မရမ်းချောင်စစ်ဆေးရေးဂိတ်ကို မုပ္ပလင်လမ်းဆုံသို့ ပြောင်းရွှေ့မည်
DVB
·
December 14, 2017
မရမ်းချောင်စစ်ဆေးရေးဂိတ်ကို မုပ္ပလင်လမ်းဆုံသို့ ပြောင်းရွှေ့မည်
Donate to DVB

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာရှိ တရားမဝင် ကုန်စည်ထိန်းချုပ်ရေး ဂိတ်စခန်းဖြစ်တဲ့ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးဂိတ်စခန်းကို မုပ္ပလင်လမ်းဆုံသို့ ပြောင်းရွှေ့မယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။

“ပြောင်းရွှေ့ဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဆီက သဘောတူညီချက်ရယူပြီးပြီ။ ဒါပေမယ့် အစီအစဉ်ကတော့ မလုပ်ရသေးဘူး။ ဒီဘဏ္ဍာနှစ်ထဲမှာပဲ ပြောင်းရွှေ့သွားဖို့ရှိတယ်” လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။

မရမ်းချောင်ဂိတ်အနားက ကျေးရွာတွေထဲကနေ တရားမဝင် ကုန်စည်တွေကို ရှောင်ကွင်း သယ်ဆောင်တာမကြာခဏ ဖြစ်ပေါ်နေကြောင့်  မရမ်းချောင်ကျေးရွာကနေ မုပ္ပလင်လမ်းဆုံကို ပြောင်းရွှေ့ဖို့ စီစဉ်ရတာလို့ သိရပါတယ်။

အဆိုပါ မရမ်းချောင် အမြဲတမ်း စစ်ဆေးဂိတ်စခန်းကို တရားမဝင် ကုန်စည် ထိန်းချုပ်ဖို့  ပြည်ထောင်စုအစိုးရအဖွဲ့ လမ်းညွှန်မှုနဲ့အတူ နိုင်ငံတော်သမ္မတရုံး ခွင့်ပြုချက်နဲ့ ၂၀၁၇ မတ်လ ၁ ရက်နေ့ကနေ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်ကာ တပ်ဖွဲ့၊ ဦးစီးဌာန ၁၀ ခုနဲ့အတူ စစ်ဆေးဆောင်ရွက်နေတာဖြစ်ပါတယ်။

ကျိုက်ထိုမြို့နယ် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး ဂိတ်စခန်းကို စတင်ဖွင့်လှစ်တဲ့ မတ်လ ၁ ရက်နေ့မှ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ထိ ၈ လကျော် ကာလအတွင်း ကုန်စည် ဖမ်းဆီးတားဆီးမှု ၁၁၂၀ မှု ခန့်မှန်းတန်ဖိုး ကျပ် ၅၁၉၄ ဒသမ ၈၀ သန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

သတင်း - ဟိန်းထက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013