DVB Logo
Home
မြန်မာသတင်း
ကုန်ကြမ်းရှားပါးပြီး အသုံးပြုသူနည်းပါးလာသဖြင့် ဂုန်နီအိတ်လုပ်ငန်းများရပ်နားထားရ
DVB
·
December 14, 2017
ကုန်ကြမ်းရှားပါးပြီး အသုံးပြုသူနည်းပါးလာသဖြင့် ဂုန်နီအိတ်လုပ်ငန်းများရပ်နားထားရ
1 / 6
Donate to DVB

 

ရန်ကုန်၊ တိုက်ကြီးမြို့နယ်မှာ ဂုန်လျော်ကုန်ကြမ်းရှားပါးတာနဲ့ ဂုန်နီအိတ်အသုံးပြုတာ နည်းလာတာကြောင့် ဂုန်နီအိတ်လုပ်ငန်း လုပ်ကိုင်သူ နည်းပါးလာတယ်လို့ လုပ်ငန်းလုပ်ကိုင် သူတွေက ပြောပါတယ်။

တိုက်ကြီးမြို့က ဂုန်နီအိတ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်စန်းစန်းဆင့်က“ကျမတို့ တိုက်ကြီးမြို့မှာ ဂုန်နီအိတ်လုပ်ငန်းကို နှစ်ပေါင်းတော်တော်ကြာ လုပ်ကိုင်လာ ခဲ့တာပါ။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဂုန်လျော်မထွက်တော့ နိုင်ငံခြားက ဝယ်ရတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာအရင်က ဆန်၊ ပဲမျိုးစုံ၊ ကြက်သွန်၊ ငရုတ်သီးတွေကို ဂုန်နီအိတ်နဲ့ ထည့်တာ အခုက အစားထိုးအိတ်တွေဖြစ်တဲ့ ပီနံအိတ်တွေနဲ့ အသုံးပြုနေပြီး ငရုတ်သီး တမျိုးထဲ ကိုသာ မှိုတက်မှာစိုးလို့ အသုံးပြုတယ်။ ဒါကြောင့်အသုံးပြုတာလည်း နည်းသွားတယ်။ နောက်ပြီး ဂုန်နီအိတ်က အဆင့်ဆင့်ပြုလုပ်ရတာဆိုတော့ တနေ့ကို အိတ်အလုံးရေ ၅၀ လောက်သာ ရတယ်။ ရန်ကုန်ဘုရင်နောင်ပွဲရုံတွေကို ရောင်းရပါတယ်။”

တိုက်ကြီးမြို့နယ်မှာ ဂုန်နီအိတ်လုပ်ငန်းကို အရင်က စက်ရုံကြီးတွေတည်ဆောက်ပြီး လုပ်ကိုင်ခဲ့ရာ စက်ရုံပေါင်း ၁၅ ရုံလောက် ရှိခဲ့ပြီး စက်ရုံတရုံမှာ ရက်ကန်းစင် ပေါင်း ၂၅ စင်အထိ ရှိခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ အလုပ်အကိုင် ရရှိခဲ့ပါတယ်။

အခုအခါမှာတော့ ကုန်ကြမ်း ရှားပါးမူ အသုံးပြုသူနည်းပါးမှုတွေကြောင့် စက်ရုံတွေ ပိတ်သိမ်းခဲ့ပြီး မိသားစု တပိုင်တနိုင် လုပ်ကိုင်သူ ၅ ဦးခန့်သာ ရှိပါတော့တယ်။

အရင်ဂုန်နီအိတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက“ကုန်ကြမ်းကလည်း ရှားလာတယ်။ ဂုန်လျော်ကို အိန္နိယနိုင်ငံကဝယ်ရတယ် ဝယ်ယူတဲ့နေရာမှာလည်း ဈေးမြင့်တယ်။ အသုံးပြုသူ နည်းတော့ ပြန်ရောင်းတဲ့နေရာမှလည်း ဈေးသိပ်မရဘူး။ အခုဆို ဂုန်နီအိတ်တစ်လုံးကို ဖောက်သည်ပေးရတာ ၃၀၀ ကျပ်ရတယ်။ ဒါကြောင့် အဆင်မပြေတော့တာနဲ့ ဂုန်နီအိတ်လုပ်ငန်းကို ရပ်လိုက်တာပါ”လို့ ပြောပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013