DVB Logo
Home
မြန်မာသတင်း
ကော့သောင်းမြို့ ​ပုလုံးတုံးတုံးတံတား နှစ်​လမ်းသွား ကွန်​ကရစ်​တံတား တည်​​ဆောက်​မည်
DVB
·
December 14, 2017
ကော့သောင်းမြို့ ​ပုလုံးတုံးတုံးတံတား နှစ်​လမ်းသွား ကွန်​ကရစ်​တံတား တည်​​ဆောက်​မည်
Donate to DVB

တနင်္သာရီတိုင်း​ဒေသကြီး၊​ ကော့သောင်းမြို့၊ ​ပုလုံးတုံးတုံးတံတားကို နှစ်​လမ်းသွား ကွန်​ကရစ်​တံတား တည်​​ဆောက်​မယ်လို့ တံတားတည်ဆောက်ရေးအဖွဲ့ အမှတ် (၄) မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

၂၀၁၇/၂၀၁၈ ဘဏ္ဍာ​ရေးနှစ်​အတွင်း ​ဆောက်​ရွက်​နေတဲ့ လမ်း၊ တံတား၊ အ​ဆောက်​အဦနဲ့ ​ကျေးလက်​လမ်းလုပ်​ငန်းတွေနဲ့ ပတ်​သက်တဲ့ အသိ​ပေး  ရှင်းလင်းပွဲမှာ တံတားတည်ဆောက်ရေး အဖွဲ့ အမှတ်-၄ မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ​ပြောကြားခဲ့တာပါ။

တံတားအရှည်မှာ​ ၂၄၀၀ ​ပေရှိပြီး ယာဉ်​သွားလမ်းအကျယ်​ ၂၄​ ပေနဲ့ လူသွားလမ်း တဖက်​ ၃​ ပေ ရှိပြီး ၂၀၁၇ သြဂုတ် ၁ ရက်​​နေ့က လုပ်​ငန်းစတင် ​အ​ကောင်​အထည်​​ဖော်​ခဲ့ရာမှာ အခုဆို ၃ ရာခိုင်းနှုန်း ပြီးစီးဖြစ်တယ်လို့ လမ်းတံတား တည်​​ဆောက်​​ရေးအဖွဲ့က ပြောပါတယ်။

ကျေးရွာဒေသခံ ဦးဝင်းနိုင်က “ခရီးသွားလုပ်​ငန်းအတွက်​လည်း အကျိုးပြုလိမ့်မယ်။ ​ကော့​သောင်းမြို့ရဲ့ အထင်​ကရ​ နေရာ​တွေထဲက တခုဖြစ်​တဲ့ ​ကော့​သောင်းမြို့ရဲ့ ဂုဏ်​ကျက်​သ​ရေ​ ဆောင်​ထားတဲ့ ပုလုံးတုံးတုံးတံတားကို တည်​​ဆောက်​​နေတာ​ တွေ့ရလို့ ကျ​နော် ​ပုလုံးတုံးတုံး​ ကျေးရွာသားတ​ယောက်​အ​နေနဲ့ အရမ်းကို ဝမ်းသာပီတိဖြစ်​မိ​ပါတယ်။ ဖြစ်နိုင်​ရင်​ ရွာထဲအထိ လမ်းကို တခါတည်း ခင်း​ပေး​စေချင်ပါတယ်။ တ​ခါတည်း လုပ်​မ​ပေးနိုင်​ရင်​​တောင်​ တ​ဖြည်းဖြည်း လုပ်​​ပေးဖို့ အစိုးရကို​ တောင်းဆိုချင်ပါတယ်”လို့ ​ပြောပါတယ်။

ကော့သောင်းမြို့ခံတဦးက “အခု​တော့ တံတား​ကြေး​ ကောက်​တယ်​ဗျာ။ တံတားက ပျဉ်ေ​တွကမညီ။ ထိုးထိုး​ထောင်​​ထောင်​နဲ့ဆို​တော့ ဆိုင်​​ကယ်​​တွေ ​ခဏခဏ​မှောက်​တယ်​ဗျာ။ မိုးရွာတာရယ်​ ပြီး​တော့ ညဘက်​​မောင်းရင် ​တံတားက မီးမရှိဘူး။ ​ပြောချင်​တာက တံတား​ကြေး​ ကောက်​ထားတဲ့အတွက်​ ဝန်​ဆောင်​မှုရယ်​၊ တာဝန်​ယူမှု တာဝန်​ခံမှု ရှိရပါမယ်​။ အခု​တော့ တာဝန်​ယူမှု တာဝန်​ခံမှု မရှိဘူးဗျာ။ အခန့်​မသင့်ရင် ​တရားပါ စွဲခံထိတယ်​ဗျာ။ အခု ကွန်​ကရစ်​တံတား တည်​​ဆောက်​​နေပြီဆို​တော့ သွား​ရေးလာ​ရေးက​တော့ အရမ်းကို အဆင်​ပြေသွားပြီ။ တံတား​ကြေး​တော့ ဘယ်​​လောက် ​​ကောက်​မလဲ​တော့ မသိဘူး”လို့ ပြောပါတယ်။

သတင်း - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013