DVB Logo
Home
မြန်မာသတင်း
ပုဂံဒေသခံပြည်သူများ၏တောင်းဆိုချက်ကို ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ပေးမည်
DVB
·
December 14, 2017
ပုဂံဒေသခံပြည်သူများ၏တောင်းဆိုချက်ကို ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ပေးမည်
Donate to DVB

 

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ကျေးရွာနေ ပြည်သူတွေရဲ့ မေတ္တာရပ်ခံ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေရဲ့ ဆန္ဒကို အလေးထား ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ပေးမယ်လို့ သာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကကြေညာပါတယ်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို UNESCOရဲ့ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ဖို့ အစိုးရက ဆောင်ရွက်နေရာမှာ ကျေးရွာတွေ အမွေအနှစ်ဇုန်ထဲရောက်နေတဲ့အတွက် စားဝတ်နေရေး၊ စီးပွားရေးလုပ်ငန်းတွေ ကန့်သတ်ခံရမှာကို စိုးရိမ်ပြီး အမွေအနှစ်ဇုန်မှ ကြားခံဇုန်သို့ ပြောင်းလဲထည့်သွင်းပေးဖို့နဲ့ ဒီလိုလုပ်ဆောင်တာဟာ ကမ္ဘာ့အမွေ အနှစ်တင်သွင်းရေး အဟန့်အတားဖြစ်ပါက အချက် (၃)ချက် ပြင်ဆင်ပေးဖို့ ဒေသခံတွေက လက်မှတ်ရေးထိုး တင်ပြထားတာပါ။

ဒီတင်ပြချက်အပေါ် သာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဒေသခံပြည်သူတွေရဲ့ ဆန္ဒကိုအထူးအလေးထားပြီး ညှိနှိုင်းပြင်ဆင် ဆောင်ရွက်ပေးမယ်လို့ ဒီဇင်ဘာ ၁၂ရက်နေ့စွဲနဲ့ ရှင်းလင်းထုတ်ပြန်လိုက်ပါတယ်။

အမွေအနှစ်ဇုန်ထဲ ရောက်နေတဲ့ရွာတွေကို ကြားခံဇုန်အတွင်း ပြောင်းလဲထည့်သွင်းပါက ကမ္ဘာ့မွအနှစ်စင်တာက မြန်မာနိုင်ငံဟာ အမှန်တကယ် အထူးတန်ဖိုးထား ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်စွမ်းမရှိလို့ သတ်မှတ်မှာဖြစ်ပြီး ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ဖို့ကိစ္စ အဟန့်အတားဖြစ်စေမယ်လို့ဆိုပါတယ်။

ဒါကြောင့် အမွေအနှစ်ဇုန်အတွင်း လူနေထိုင်ဖို့၊ လယ်ယာလုပ်ငန်းနဲ့ ရိုးရာဓလေ့ လုပ်ငန်းတွေ၊ ဈေးဆိုင်နဲ့ စားသောက်ဆိုင်တွေ၊ ခရီးသွားဧည့်သည် တည်းခိုဖို့တွေ ဆောက်လုပ်နိုင်ဖို့  ပုဂံရှေးဟောင်း အမွေအနှစ်ဒေသနှင့် ရှေးဟောင်းအဆောက်အအုံများ ဥပဒေမူဘောင်မှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာနေဒေသခံတွေ တောင်းဆိုတဲ့ အချက်တခုဖြစ်တဲ့ အဆောက်အုံအရွယ် အစားတွေကိုလည်း ပုဂံနဲ့ ညောင်ဦးမြို့ပြသတ်မှတ်ချက်တွေနဲ့တူညီစွာ ပြင်ဆင်ရေးဆွဲ သတ်မှတ်ပေးမယ်လို့လည်း ဆိုပါတယ်။

စားသောက်ဆိုင်နဲ့ တည်းခိုခန်းအဆောက်အအုံတစ်ခုရဲ့ ဧရိယာ စတုရန်းပေ(၂၄၀၀)ထက်မပိုရ၊  ကျေးရွာပုံစံတစ်ထပ်သာဖြစ်ရမယ်၊  အမြင့်(၁၆)ပေထက် မကျော်လွန်ရ၊  နေအိမ်တွေအတွက် အမြင့်ပေ (၃၀)ထက် မကျော်လွန်ရလို့ သတ်မှတ်ပေး ထားပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကဆက်သွယ်ရေး (သို့) ရုပ်သံမီဒီယာကိရိယာတွေ ဂြိုလ်တုနဲ့ စလောင်းတွေတပ်ရာမှာ မြင်သာထင်ရှားမှုမရှိအောင် ဆောင်ရွက်ရမယ်၊ စီးပွားရေးဆိုင်ရာ ဆက်သွယ်ရေးတာဝါတွေကို တည်ဆောက်လိုပါက ရှေးဟောင်းအမွေအနှစ်မြင်ကွင်း မထိခိုက်စေဖို့ စတာတွေလည်း  ပြင်ဆင်သတ်မှတ်ထားပါတယ်။

တိုင်းပြည်နဲ့  လူမျိုးဂုဏ်ကို မြှင့်တင်နိုင်ဖို့နဲ့ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရပါက ကမ္ဘာ့အဆင့် အမြင့်ဆုံးထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုကို ရရှိဖို့အတွက် ဒေသခံပြည်သူတွေအနေနဲ့ အမျိုးသားတာဝန်အဖြစ် ပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013