DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာလုပ်သားတဦး ခေါင်မိုးတက်ပြင်ရာမှ ပြုတ်ကျသေဆုံး
DVB
·
December 14, 2017
ချင်းမိုင်တွင် မြန်မာလုပ်သားတဦး ခေါင်မိုးတက်ပြင်ရာမှ ပြုတ်ကျသေဆုံး
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆာရပီးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာရွှေ့ပြောင်း အလုပ်သမားတယောက် ခေါင်မိုးတက်ပြင်ရာက ပြုတ်ကျလို့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။

ဆာရပီးမြိုနယ် ထာ့ကွန့်အုပ်စု လောင်းတေရပ်ကွက်ရှိ လမ်းယိုင်းသစ်သီးစက်ရုံမှာ ဒီဇင်ဘာ ၉ ရက်မနက်က လူသေဆုံးမှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးကြည့်ရှုရာမှာ အသက် ၂၅ နှစ်ရွယ်လူငယ်တစ်ဦး ဆယ်မီတာအမြင့်ပေါ်က ပြုတ်ကျလို့   ဦးခေါင်းကွဲပြီး ဦးနှာက်တွေပါထွက်ကျ သေဆုံးနေတာကို တွေ့ရတယ်လို့  ဆာရပီး မြို့နယ်ရဲ စခန်း တာဝန်ကျရဲမေ ဆိင်ကန်းဆီခမ်းနွဲ့က သတင်းထောက်ကို ပြောပါတယ်။

အလုပ်ရှင်ရဲ့ပြောပြချက်အရ သေဆုံးသူမှာ မြန်မာပြည်က အလုပ်သမား စိုင်းလောဝ်ဆိုသူ ဖြစ်ပြီး အဲဒီနေ့ဘဲ သူတို့ဆီမှာ အလုပ်လာတောင်းလုပ်လို့ သနားတာနဲ့ လက်ခံထားခဲ့ကြောင်း၊ စက်ရုံရဲ့ ခေါင်မိုးမှာ အပေါက်ဖြစ်နေလို့ တက်ဖာခိုင်းရာမှာ မတော်တဆပြုတ်ကျသေဆုံး သွားခဲ့တာလို့ ဆိုပါတယ်။

စိုင်းလောင်မှာ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နောင်ဖာကျေးရွာကဖြစ်ပြီး အမည်ရင်းမှာ စိုင်းထွန်းကျန်ဖြစ်ကြောင်း၊  ထိုင်းနိုင်ငံထဲဝင်ရောက်လာတာ မကြာသေးဘဲ နေထိုင်ခွင့်အထောက်အထားလည်းမရှိ၊ အလုပ်သမားကတ်လည်းမရှိ၊ မြန်မာနိုင်ငံသား မှတ်ပုံတင်လည်း မရှိတာကြောင့် အလုပ်သမားဥပဒေအရ ရသင့်ရထိုက်တဲ့ လုပ်ငန်းခွင် ထိခိုက်မှုလျော်ကြေး မရကြောင်း၊ ထိုင်းနိုင်ငံမှာ ဆွေမျိုးလည်းမရှိတဲ့အတွက် အသုဘမှာ အကူအညီ လိုနေတယ်လို့ ဝပ်ပါပေါက် နာရေးကူညီမှုအသင်းမှ စိုင်းလိုင်ခမ်းကပြောပါတယ်။

“အလုပ်သမားတယောက် ခေါင်မိုးပေါ်ပြုတ်ကျသေဆုံးပြီး ဆွေမျိုးလည်းမရှိလို့ အလောင်း ကို ဆေးရုံကိုဘဲအပ်လိုက်မယ်လို့ ကျနော့ဆီကို မနေ့က ဖုန်းဝင်လာပါတယ်။ ဒါပေမယ့် လူ တယောက်ရဲ့နောက်ဆုံးခရီးမှာ ကောင်းမွန်စွာသင်္ဂြိုဟ်ပေးရအောင်လို့ ကျနော်တို့အဖွဲ့က တာဝန်ယူ သင်္ဂြိုဟ်ပေးမယ်လို့ပြောပြီး ဘုန်းကြီးကျောင်းကို သယ်လာတယ်။ မနက်ဖြန် သောကြာနေ့ နေ့ခင်းမှာ သင်္ဂြိုဟ်မယ်ခင်ဗျ။”

လုပ်ငန်းခွင်မတော်တဆသေဆုံးမှုအတွက် အလုပ်ရှင်နဲ့ ရဲစခန်းမှာ ညှိနှိုင်းရာ မှာ အလုပ်ရှင်က အသုဘကြေး ဘတ် ၄ သောင်းကူညီမယ်လို့ သဘောတူခဲ့တယ်လို့သိရပါတယ်။   ဆွေမျိုးမဲ့ အသုဘဖြစ်တဲ့အတွက် ဘ၀တူအလုပ်သမားတွေ လာရောက်ကူညီပို့ဆောင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013