DVB Logo
Home
မြန်မာသတင်း
မြန်မာအစိမ်းရောင်ကွန်ရက် ၆ ကြိမ်မြောက် တွေ့ဆုံပွဲ ဘားအံတွင် ကျင်းပ
DVB
·
December 14, 2017
မြန်မာအစိမ်းရောင်ကွန်ရက် ၆ ကြိမ်မြောက် တွေ့ဆုံပွဲ ဘားအံတွင် ကျင်းပ
Donate to DVB

 

မြန်မာအစိမ်းရောင်ကွန်ရက်ရဲ့၆ ကြိမ်မြောက် တွေ့ဆုံပွဲကို ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ဒီဇင်ဘာ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၃ ရက်တာ ကျင်းပနေပါတယ်။

ဒီတွေ့ဆုံပွဲကို မြန်မာတနိုင်ငံလုံးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေနဲ့ တကိုယ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေ၊ ပညာရှင်တွေနဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေ တက်ရောက်နေကြပါတယ်။

မြန်မာနိုင်ငံနဲ့ ကမ္ဘာ့စွမ်းအင် အကူးအပြောင်း ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပြီး ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုရေး၊ အစိမ်းရောင်စွမ်းအင် ပိုမိုအသုံးပြုရေးကို ဦးတည်ဆွေးနွေး ကြမှာလည်း ဖြစ်ပါတယ်။

မြန်မာအစိမ်းရောင်ကွန်ရက်ရဲ့ တတိယအကြိမ်မြောက် တွေ့ဆုံပွဲကို ဘားအံမြို့နယ်မှာ ကျင်းပခဲ့ဖူးပြီး အခုအကြိမ်ဟာ ဒုတိယအကြိမ်အဖြစ် ကျင်းပနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013