DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် မီးသွေးဈေး ပိုမိုမြင့်တက်လာ
DVB
·
December 14, 2017
ရေးမြို့နယ်တွင် မီးသွေးဈေး ပိုမိုမြင့်တက်လာ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှ မီးသွေးဖုတ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းဈေးတွေ မြင့်တက်လာတာနဲ့အမျှ ဈေးကွက်ထဲမှာ မီးသွေးဈေးနှုန်းတွေပါ အရင်ကထက်  မြင့်တက်သွားပါတယ်လို့ မီးသွေးထုတ်လုပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မီးသွေးဖုတ်လုပ်ငန်း ရာသီအချိန်တွေမှာ ထုတ်လုပ်တဲ့ မီးသွေးတွေကို ကုန်ကြမ်းအဖြစ် ရော်ဘာသစ်ပင်အို အကိုင်းအခက် ၁ ပင်ကို ၆,၀၀၀ ကျပ်နဲ့ ပေးဝယ်ခဲ့ရပေမယ့် အခုနှစ်ရာသီမှာ ငွေကျပ် ၁၀,၀၀၀ ကျော် ပေးဝယ်ရတာကြောင့် မီးသွေးဈေးပါ မြင့်တက်သွားရတာလို့ မီးသွေးထုတ်လုပ်သူတွေက ပြောပါတယ်။

မီးသွေး ၁ အိတ်ကို အရင် ဖောက်သည်ဈေး ၂,၀၀၀ ကျပ်ကနေ ၂,၇၀၀ ကျပ်အထိ မြင့်တက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေထက် အိမ်သုံး မွေးမြူရေး ကြက်ခြံတွေက ပိုမို ဝယ်ယူလာခဲ့ကြပါတယ်လို့ ဆိုပါတယ်။

အရင်က မီးသွေးကုန်ကြမ်းကို ပျဉ်းကတိုးနဲ့ တခြားသစ်ပင်တွေနဲ့သာ လုပ်ကိုင်လာခဲ့ကာ အခုအချိန်က ရော်ဘာသစ်ပင်အို အကိုင်းအခက်တွေနဲ့သာ ထုတ်လုပ်ရတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေ လျော့နည်းလာခဲ့သလို လုပ်သားအင်အား ၁၀ ဦးခန့်နဲ့ တလလျှင် ပျမ်းမျှ မီးသွေး အတင်းရေပေါင်း ၁၀၀၀ ခန့် ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။

သတင်း - နေမျိုးထွဋ်(ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013