DVB Logo
Home
မြန်မာသတင်း
မြန်မာ့ SME ညွှန်းကိန်းဒေသတွင်းမှာ အနိမ့်ဆုံးရပ်တည်နေဟု ဒုသမ္မတ ဦးမြင့်ဆွေပြော
DVB
·
December 14, 2017
မြန်မာ့ SME ညွှန်းကိန်းဒေသတွင်းမှာ အနိမ့်ဆုံးရပ်တည်နေဟု ဒုသမ္မတ ဦးမြင့်ဆွေပြော
Donate to DVB

 

အသေးစားနဲ့  အလတ်စားစီးပွားရေးလုပ်ငန်းSMEတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ခြင်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရေးအပေါ် မူဝါဒဆိုင်ရာ အညွှန်းကိန်းတွေ အရ မြန်မာနိုင်ငံဟာ အနိမ့်ဆုံးအခြေအနေမှာ ရပ်တည်နေတယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“ဒေသတွင်း SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒဆိုင်ရာများ ချမှတ်ခြင်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရေးအပေါ်မှာ မူဝါဒ ဆိုင်ရာအညွှန်းကိန်းများကို OECD က (၄) နှစ်တစ်ကြိမ် ဖော်ပြလျက်ရှိတယ်။ ၂၀၁၄ ခုနှစ်၊ ASEAN SME Policy Index အရစင်္ကာပူ၊ မလေးရှား၊ ထိုင်းနဲ့  အင်ဒိုနီးရှားတို့ဟာ Policy Index အနေနဲ့ အမြင့်ဆုံးမှာ ရပ်တည်နေကြပြီး ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ဟာ အနိမ့်ဆုံးအခြေအနေမှာ ရပ်တည်နေကြတယ်။”

မြန်မာနိုင်ငံအနေနဲ့ SME မူဝါဒ ဆိုင်ရာအညွှန်းကိန်းတွေ  မြင့်တက်လာဖို့အတွက် အသင်း အဖွဲ့ဆိုင်ရာဖွဲ့စည်းမှုမူဘောင်၊ ဝန်ဆောင်မှုရရှိမှုအခြေအနေ၊ SMEs များ သက်သက်သာသာ လျှင်မြန်စွာလုပ်ငန်းစတင်နိုင်ရေး၊ ပိုမိုကောင်းမွန်တဲ့ ဥပဒေ၊ စည်းမျဉ်းများ အခြေအနေ၊ ငွေကြေး အထောက်အပံ့ရရှိမှု၊ နည်းပညာနဲ့ နည်းပညာလွှဲပြောင်းပေးနိုင်မှု၊ နိုင်ငံတကာဈေးကွက် ချဲ့ထွင်နိုင်မှု၊ စွန့်ဦးစီးပွားပညာရပ်များ မြှင့်တင်ပေးနိုင်မှု၊ အသေးစားလုပ်ငန်းများရဲ့ စိတ်ဝင်စားမှု ကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှုစတဲ့  ညွှန်းကိန်း (၈)ခု ကောင်းမွန်မှန်ကန်အောင် လုပ်ဆောင်ရမယ်လို့လည်း ဦးမြင့်ဆွေက ပြောပါတယ်။

နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမှာ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (Small and Medium Enterprise - SME) များ ပါဝင်မှုဟာ  ၉၉ ရာခိုင်နှုန်းရှိနေတာဖြစ် ပါတယ်။

ဒါ့ကြောင့်ပဲ  SMEကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အသေးစားနဲ့  အလတ်စားစီးပွားရေးလုပ်ငန်းများ ဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်သမ္မတ၊ တွဲဖက်ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့  ဒုဥက္ကဋ္ဌတွေ အဖြစ် ဒုသမ္မတနှစ်ဦး အပါအ၀င် ပြည်ထောင်စု အဆင့် (၁၉)ဦး၊ ပုဂ္ဂလိကကဏ္ဍက အသိပညာရှင်၊ အတတ်ပညာရှင် (၅)ဦး၊ စုစုပေါင်း အဖွဲ့ဝင် (၂၄)ဦးတို့ နဲ့ ဖွဲ့စည်း အကောင်အထည်ဖော် လုပ်ဆောင်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013