DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားရှိ ကေအိုင်အိုအဆောက်အအုံကို ရဲတပ်ဖွဲ့ဝင်ရောက်ရှာဖွေ
DVB
·
December 13, 2017
မြစ်ကြီးနားရှိ ကေအိုင်အိုအဆောက်အအုံကို ရဲတပ်ဖွဲ့ဝင်ရောက်ရှာဖွေ
Donate to DVB

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို နိုင်ငံရေးညှိနှိုင်းဆွေးနွေးအကြံပေးအဖွဲ့ပိုင် အဆောက်အအုံတွေကို ရဲတပ်ဖွဲ့က လာရောက်ရှာဖွေတာတွေလုပ်တာဟာ ယုံကြည်မှုကို ပျက်ပြားစေတယ်လို့ ပြောခွင့်ရသူ ဦးဒေါင်းခါးက ပြောပါတယ်။

မနေ့က နေ့လယ်ပိုင်းမှာ မြစ်ကြီးနားမြို့မှာ ရှိတဲ့ ကေအိုင်အို နိုင်ငံရေးညှိနှိုင်းဆွေးနွေးအကြံပေးအဖွဲ့ပိုင် အဆောက်အအုံတွေကို ပြည်နယ်ရဲ အပါအဝင် ရဲအင်အားတွေက လာရောက် ရှာဖွေခဲ့တာပါ။

ကေအိုင်အို နိုင်ငံရေးညှိနှိုင်းဆွေးနွေးအကြံပေးအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဒေါင်းခါးက “ဒါက ဂုဏ်သိက္ခာပိုင်းကို ထိခိုက်စေတယ်။ ယုံကြည်မှုကို ပျက်ပြားစေတယ်။ အနာဂတ်မှာ မယုံစရာ၊ သံသယတွေ ဖြစ်စေမယ်” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့တွေဟာ လက်နက်မှုနဲ့ ပတ်သက်ပြီး လာရှာတာလို့ အဲဒီနေရာမှာ ရှိနေသူတွေက ပြောပါတယ်။ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့က ဦးလမိုင်ဂွန်ဂျာက “သူတို့က ဝင်းထဲကို ဝင်လာတယ်။ စစ်ဆေးစရာ ရှိလို့ပါလို့ ပြောတယ်။ ဘာကြောင့်လာလဲ ဆိုတော့ ဂျွန်စံလင်းနဲ့ ပတ်သက်ပြီး လာရှာလို့ ပြောတယ်။ ဂျွန်စံလင်းက ကေအိုင်အိုနဲ့ မပတ်သက်ဘူးလေ ဆိုတော့ ဘာမှ မပြောဘူး” လို့ ပြောပါတယ်။

ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ မူးယစ်က ရဲအင်အားတွေနဲ့လာတာ ဖြစ်ပြီး မီးစက်၊ ရေကန်မကျန် တနာရီကျော်ကြာ ရှာဖွေကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘာမှမတွေ့ခဲ့အခါ မူးယစ်ဆေး ကင်းရှင်းကြောင်း အိမ်ရှင်အနေနဲ့ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဦးဒေါင်းခါးက ပြောပါတယ်။

“ရှာတာက မူးယစ်ဆေးရှာတဲ့ ပုံစံမဟုတ်ဘူးလေ။ ဂျွန်စံလင်းက ဒီမှာလည်း မနေဖူးဘူး။ ကေအိုင်အို ဝန်ထမ်းလည်း မဟုတ်ဘူး။ ပြီးတော့ ရှာတာက လက်နက်၊ မတွေ့တော့ မူးယစ်ဆေး မတွေ့တာပါလို့ ပြောတယ်” လို့ ဆိုပါတယ်။

ဒီလိုရှာဖွေဖို့နဲ့ ပတ်သက်ပြီး ရှာဖွေခွင့်ပုံစံတွေ ပြခဲ့တာလည်း မရှိဘူးလို့ သူတို့က ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက အိမ်တအိမ်မှာ လေယာဉ်ပစ်ကျည်တွေ တွေ့တာနဲ့ ပတ်သက်ပြီး စံလင်း (ခေါ်) ကိုဂျွန်နဲ့ သူ့ဇနီးကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က သူ့ရဲ့နေအိမ်မှာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013