DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းကြေးနီတူးဖော်ရေးကြောင့် ထိခိုက်နစ်နာသည့်ဒေသခံများ အခက်ခဲ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ
DVB
·
December 13, 2017
လက်ပံတောင်းကြေးနီတူးဖော်ရေးကြောင့် ထိခိုက်နစ်နာသည့်ဒေသခံများ အခက်ခဲ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ
Donate to DVB

 

လက်ပံတောင်းတောင်ဒေသမှာ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေးနီတူးဖော်ရေးလုပ်ငန်း ကြောင့် ထိခိုက်နစ်နာနေတဲ့ ဒေသခံတွေရဲ့ အခက်အခဲတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သိရှိဖြေရှင်းပေးစေလိုတဲ့အတွက် တိုင်ကြားစာကို လက်ပံတောင်း တောင်ဒေသခံတွေက နေပြည်တော်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အထိ ကိုယ်တိုင် ကိုယ်ကြ လာရောက်တင်ပြခဲ့ပါတယ်။

ဒီဇင်ဘာ ၁၃ ရက် နေ့လယ်မှာ လာရောက်တင်ပြကြတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ လမ်းမထိပ်လုံခြုံရေးဂိတ်မှာ တားဆီးခံရပြီး တိုင်ကြားစာကိုတော့ လုံခြုံရေးတာဝန်ခံ ရဲမှူးကြီးက နိုင်ငံတော်အတိုင်ပင်ခံထံအရောက် တင်ပြပေးမယ်ဆိုတဲ့ကတိနဲ့ လက်ခံရယူခဲ့ပါ တယ်။

“ဒီလုံခြုံရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ပေးပိုင်ခွင့်ရှိသူက ကျနော်ပဲ။ အတွင်းထဲကိုတော့ ပေးဝင်လို့ မရဘူး။ ကျနော်တာဝန်ယူတယ်။ ခင်ဗျတို့တင်ပြချင်တဲ့စာကို ကျနော့်ကိုပေးခဲ့ အရောက်ပို့ပေးမယ်။ ကျနော်တာဝန်ယူတယ်။”

မြန်မာဝမ်ပေါင်ကုမ္ပဏီအနေနဲ့ လပ်ပံတောင်းတောင်အစီရင်ခံစာပါ အချက်အလက်တွေကို လိုက်နာဆောင်ရွတ်တာမရှိတဲ့အပြင် စီမံကိန်းကြောင့် ထိခိုက်နေရတဲ့ ဒေသခံတွေအနေနဲ့ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်ပေါ်နေတဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ လာရောက်တင်ပြခဲ့တာ ဖြစ်တယ်လို့ တိုင်စာတင်ပြဖို့ကြိုးစားခဲ့တဲ့ လက်ပံတောင်းတောင် ဒေသခံတွေက ဆိုပါတယ်။

“ကျမတို့က လုပ်ကိုင်စားသောက်ဖို့ မရှိတော့ဘူး။ စားဝတ်နေရေးခက်ခဲနေတယ်။ ဘာမှ လုပ်စားဖို့ မတက်ပါဘူး။ အဲဒီအခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည်သိပြီးတော့ ဖြေရှင်းပေး စေချင်လို့ အခုလိုလာခဲ့တာပါ။”

နိုင်ငံတော်အတိုင်ပင်ခံကို တင်ပြတဲ့ တိုင်ကြားစာမိတ္တူကိုတော့ သက်ဆိုင်ရာဌာနတွေ အပြင် တရုတ်သံရုံးကိုပါ ပေးပို့သွားမယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013