DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် နိုင်ငံရေးပါတီများ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
DVB
·
December 13, 2017
မုံရွာတွင် နိုင်ငံရေးပါတီများ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Donate to DVB

 

စစ်ကိုင်တိုင်းဒေသကြီး၊ မုံရွာမြို့မှာ International Republican Institute (IRI) က ဦးဆောင်ပြီး ဒေသတွင်းနိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံကာ ရွေးကောက်ပွဲအလွန်နှင့် နောက် ရွေးကောက်ပွဲမတိုင်ခင်ကြားကာလမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဘာလုပ်နိုင်မယ်၊ ဘာလုပ်သင့် တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို ဒေသတွင်းနိုင်ငံရေးပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် အခြားနိုင်ငံရေးပါတီ ၉ ခုက ပါတီကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ International Republican Institute (IRI) က ၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းတွေနဲ့ ၂၀၁၇ ခုနှစ်အစောပိုင်းမှာ ကောက်ယူခဲ့တဲ့ လူထု စစ်တမ်းတွေကို နှိုင်းယှဉ်ပြသရှင်းလင်းတာတွေလည်းပြုလုပ်ခဲ့ပါတယ်။ စစ်တမ်းတွေအရ နိုင်ငံက အဆိုးဖက်ကိုသွားနေတယ်ဆိုတဲ့ နှုန်းက ၂၀၁၇ ခုနှစ်စစ်တမ်းအရ ၁၀%ပိုများလာတယ်လို့ဆိုပါတယ်။ စစ်တမ်းတွေကနေရရှိတဲ့ အချက်အလက်တွေအသုံးပြုပြီး နောက်ရွေးကောက်ပွဲအတွက်ပြင်ဆင်နိုင်တယ်လို့ ဆိုပါတယ်။

“International Republican Institute (IRI) ရဲ့စစ်တမ်းတွေနဲ့ပတ်သက်ပြီး ပြဿနာရှိတယ်။ ဦးသိန်းစိန်လက်ထက်တုန်းကလည်း ဦးသိန်းစိန်အစိုးရက သိပ်တော်တဲ့အစိုးရ ဆိုပြီး စစ်တမ်းတွေထွက်ခဲ့တဲ့အခါ ပြည်တွင်းမှာ တော်တော်ပွဲဆူခဲ့တယ်။ အခုလည်း ထွက်လာပြန်ပြီ။ သူ့ရဲ့ကောက်ခံမှုက ဘယ်လောက်တိကျတယ်ဆိုတဲ့ ပြဿနာရှိတယ်။ ဒါပေမယ့် တစ်ချို့ဟာတွေကတော့ တိကျတယ်။ ဖြစ်နိုင်တယ်။ ဘာလို့လည်း ဆိုတော့ စီးပွားရေးပြဿနာမှာ လူထုက တော်တော်ကို ဒုက္ခရောက်တယ်။ အဲဒီအတွက် အားမလိုအားမရမှုတွေရှိတယ်။ လူထုရဲ့မျှော်မှန်းမှုက သိပ်မြင့်တဲ့အခါကျတော့ စစ်တမ်းထဲမှာဖြေတဲ့ပြဿနာက စီးပွားရေးပြဿနာကို အဓိကထားဖြေသွားကြတာ။ နိုင်ငံရေးပြဿနာကို အများကြီးမပြောကြဘူး။ အခုဗမာပြည်မှာ စီးပွားရေးက တော်တော်ကို ကျလာတယ်။ ကျွန်တော့်အမြင်အရဆိုရင် ၂၀၁၈ ကျရင်ပိုကျလာနိုင်တယ်။ အခုလက်ရှိ အန်အယ်လ်ဒီအစိုးရအနေနဲ့ နောက်လာမယ့် ၂၀၁၈မှာ စီးပွားရေးကို အဓိကထားပြီး လုပ်ဖို့လိုလာပြီ”လို့ ဆွေးနွေးပွဲတက်ရောက်လာတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွဋ်ဦးလှိုင်က ဒီဗွီဘီကိုပြောပါတယ်။

ဒီလိုဆွေးနွေးပွဲတွေကို International Republican Institute (IRI) အရင်ကလည်း လုပ်ပေးခဲ့ဖူးပြီး နောက်ရွေးကောက်ပွဲနားနီးလာရင်တော့ မဲဆွယ်စည်းရုံးနည်းသင်တန်းတွေ၊ ကိုယ်စားလှယ်လောင်းတွေကို စွမ်းရည်မြှင့်သင်တန်းတွေ လုပ်ပေးသွားမယ်လို့လည်းဆိုပါတယ်။ ၂၀၂၀ မှာပြန်လည်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက်လည်း ပါတီတစ်ချို့က ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013