DVB Logo
Home
မြန်မာသတင်း
ပင်လည်ဘူးမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ
DVB
·
December 13, 2017
ပင်လည်ဘူးမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် ကောလင်း-ပင်လည်ဘူးသွား ကားလမ်းဘေးမှာ  ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီဇင်ဘာ ၁၂ ရက်ညက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စု(၆) ကသာမှ ဒုရဲမှူး မြင့်နိုင်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီက မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ ဒုရဲမှူးမြင့်နိုင်ဦးနဲ့ တပ်ဖွဲ့ဝင် တွေဟာ သက်သေတွေနဲ့အတူ ကောလင်း-ပင်လည်ဘူးသွား ကားလမ်းဘေး ပင်လည်ဘူး မြို့နယ် ပေကုန်းကျေးရွာသစ်အနီးမှာ ဆိုင်ကယ် ၁ စီးနဲ့ လူ ၂ ဦးကို မသင်္ကာဖွယ် တွေ့ရှိလို့ စစ်ဆးရာမှ ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ရောင်စုံဆပ်ပြာ ခွက်နဲ့ထည့်ထားတဲ့ ဘိန်းဖြူ ၁၁၀ ခွက် အလေးချိန် ၁၂၁၀ ဂရမ် ကာလတန်ဘိုးကျပ်သိန်း ၁၂၁,၀၀၀,၀၀၀၊ WY စာတန်းပါ စိတ်ကြွဆေးပြား ၃၃၉ ပြားကာလတန်ဖိုး ၁,၆၉၅,၀၀၀ စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်း ကာလတန်ဖိုး ကျပ်သိန်း ၁၂၂,၆၉၅,၀၀၀ ခန့်ရှိတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

ပင်လည်ဘူးမြို့မရဲစခန်းမှ ပင်လည်ဘူးမြို့နယ် ပေါက်ကိုင်းရွာနေသူ ဇော်မင်း (၃၆ နှစ်)၊ ဦးကံလှနဲ့ ကညင်ကုန်းကျေးရွာနေ ကျော်လွှမ်းမိုး(၃၃ နှစ်)တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အရေးယူထားပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013