DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ-မောတောင် ကားလမ်းတွင် ကားမှောက်ပြီး ကိုရင်ငယ် ၁ ပါးပျံလွန်
DVB
·
December 13, 2017
တနင်္သာရီ-မောတောင် ကားလမ်းတွင် ကားမှောက်ပြီး ကိုရင်ငယ် ၁ ပါးပျံလွန်
Donate to DVB

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သဲဖြူကျေးရွာနဲ့ သိန်ခွန်းကျေးရွာအကြား မှာ ဒီဇင်ဘာ ၁၂ ရက်က မော်တော်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့လို့  ဆရာတော် ၁ ပါး ဒဏ်ရာရပြီး ကိုရင် ၁ ပါး ပျံလွန်တော်မူသွားပါတယ်။

မြိတ်မြို့၊ ဓမ္မသီတဂူကျောင်းက ဆရာတော် ၁ ပါး၊ ကိုရင် ၂ ပါးနဲ့ အမျိုးသမီး ၁ ဦး လိုက်ပါလာတဲ့ မတ်တူး အမျိုးအစားယာဉ်ဟာ သဲဖြူကျေးရွာမှ မြိတ်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၂၃ နဲ့ ၂၄ အကြားမှာ ကားရှေ့ဘီးပေါက်ပြီး လမ်းဘေး ရေမြောင်းထဲ ထိုးကျသွားခဲ့တာပါ။

ယာဉ်တိမ်းမှောက်မှုကြောင့် ဆရာတော် ဥူးကဝိဒ္ဓမှာ ခါးပွန်းပဲ့ဒဏ်ရာ၊ ညာလက်မောင်း ပွန်းပဲ့ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး ကိုရင်ဝိမလ (၁၂-နှစ်)မှာ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးပြီး ဥူးတိက္ခ၊ စိုးပြည့်အောင်၊ ခင်မာဝင်း တို့ ၃ ဦးမှာ ထိခိုက်ဒဏ်ရာ မရရှိကြောင်း သိရပါတယ်။

လူ့အသက်ကို သေစေသည်အထိ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း စိုးပြည့်အောင်(ခ)ပုငယ်ကို မောတောင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-(က) အရ အရေးယူထားပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013