DVB Logo
Home
မြန်မာသတင်း
RCSS/SSA တပ်ဖွဲ့ဝင် ၃ ဦး ကျောက်မဲခရိုင်တွင် ဖမ်းဆီးခံရ
DVB
·
December 13, 2017
RCSS/SSA တပ်ဖွဲ့ဝင် ၃ ဦး ကျောက်မဲခရိုင်တွင် ဖမ်းဆီးခံရ
Donate to DVB

အစိုးရနဲ့ တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA  ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဝင် ၃ ဦး  ကျောက်မဲခရိုင် သီပေါမြို့နယ်ထဲမှာ ဖမ်းဆီးခံရပါတယ်။

RCSS/SSA အဖွဲ့ဝင် ၃ ဦးနဲ့အတူ အရပ်သား ၁ ဦးတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် မနက်က နမ့်လန်ရွာမှ သီပေါကို အလုပ်ကိစ္စနဲ့ သွားရောက်စဉ် ခိုလုံတံတားနားမှာ ဖမ်းဆီးခံခဲ့ရတာလို့  အ်ာရ်စီအက်စ်အက်စ် ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစိုင်းဦးက ဒီဗွီဘီကို ပြောပါတယ် ။

“အဖမ်းခံရတာ ကျနော်တို့အဖွဲ့ဝင် ၃ ယောက်နဲ့ ရွာသားတယောက် အားလုံး ၄ ယောက်ပါ။ သူတို့ အဖမ်းမခံရခင် အဲဒီနေ့က သီပေါအထွက် ၉ မိုင်မှာ မိုင်းပေါက်ကွဲတယ်လို့ ပြောတယ်၊ ပြီးတော့ သီပေါတဝိုက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးတယ်။ ကျနော်တို့ အဖွဲ့ဝင်တွေက အလုပ်ကိစ္စနဲ့ နမ့်လန်ကနေ သီပေါကို သွားနေတုန်း ခိုလုံတံတားနားမှာ စစ်ဆေးရေးအဖွဲ့တွေနဲ့ တွေ့ပါတယ်။  စစ်ဆေးရင်းနဲ့ အာရ်စီအက်စ်အက်စ်အဖွဲ့ကဆိုတာ သိတော့ ဖမ်းခေါ်သွားတယ်။ သေနတ်တလက်လည်း ပါသွားတယ်။ သူတို့ အဖမ်းခံရတာကို သိသိချင်း ကျနော်တို့ဘက်ကလည်း နယ်မြေခံတပ်ကို ဆက်သွယ်ထားပါတယ်။ သူတို့ကို အချုပ်ထဲထည့် နှိပ်စက်တာတော့ မရှိဘူး။ ဒီလိုပဲ ထိန်းသိမ်းထားတာတာလို့တော့ ပြောတယ်၊ ဒါပေမယ့် ပြန်မလွှတ်ပေးသေးဘူး။”

ဖမ်းဆီးခံရသူတွေဟာ  မိုင်းဖောက်ခွဲမှုနဲ့ မပတ်သက်သလို အာရ်စီအက်စ်အက်စ် ဟာ အစိုးရနဲ့ အန်စီအေ လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်နေတာကြောင့် ပြန်လည်အပ်နှံပေးသင့်ကြောင်း၊ အာရ်စီအက်စ်အက်စ်  ဘက်ကလည်း အစိုးရ တပ်ဖွဲ့ဝင်တွေကို ဖမ်းမိရင် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီ ပြန်အပ်ပေးခဲ့ကြောင်းလည်း ပြောပါတယ်။

လွန်ခဲ့တဲ့ ၃  လကျော်ကလည်း အာရ်စီအက်စ်အက်စ် အဖွဲ့ဝင် ၂ ဦး ကျိုင်းတုံမြို့နယ်မှာ  ဖမ်းဆီးခံထားရပြီး အခုထိ မလွတ်မြောက်သေးဘူးလို့ သိရပါတယ်။

Photo: SSPP Info

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013