DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခဒေသအတွင်းက မြေယာသိမ်းဆည်းမှု ပြဿနာများ ဆွေးနွေး
DVB
·
December 13, 2017
ပဋိပက္ခဒေသအတွင်းက မြေယာသိမ်းဆည်းမှု ပြဿနာများ ဆွေးနွေး
Donate to DVB

ပဋိပက္ခဒေသအတွင်းက မြေယာသိမ်းဆည်းမှု ပြဿနာတွေကို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေ ချိတ်ဆက်ပြီး ဘယ်လို ကူညီဖော်ထုတ် ဖြေရှင်းမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ ဝိုင်အမ်စီအေ (YMCA) ခန်းမမှာ ဆွေးနွေးပွဲကျင်းပခဲ့တယ်။

လက်ရှိဒေသအတွင်းမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းကနေ တက်ရောက်လာတဲ့ မြေသိမ်းခံ တောင်သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကတော့ မြန်မာနိုင်ငံအတွင်းက မြေယာပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းဖို့ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ လယ်ယာမြေဥပဒေတွေအပြင် ပြင်ဆင်သင့် ပြင်ဆင်ထိုက်တဲ့ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိမဲဆန္ဒနယ်မြေအတွင်းက သိမ်းဆည်းခံ မြေယာတွေကို ပြန်လည်ရရှိအောင် ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ လိုအပ်ပြီး တိုင်းရင်းသားတွေရဲ့ မြေယာနဲ့ ပတ်သက်တဲ့ ဓလေ့ထုံးတမ်းတွေကို အစိုးရက အသိအမှတ်ပြုသင့်တယ်လို့လည်း ဆွေးနွေးခဲ့ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးဟာလည်း မြေယာပြဿနာတွေနဲ့ ဆက်စပ်နေ တာကြောင့် အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖော်ဆောင်ပေးဖို့ လိုအပ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တိတိကျကျ အကောင်အထည် ဖော်ဆောင်ပေးဖို့အပြင် သိမ်းဆည်းခံမြေတွေကို သေချာစိစစ်ပြီး မူလ လုပ်ကိုင်စားသောက်ခဲ့တဲ့ တောင်သူမိသားစုတွေ လက်ထဲ ပြန်လည်ပေးအပ်နိုင်မှသာ ဒေသအတွင်းက စစ်ရေး ပဋိပက္ခတွေနဲ့ မြေယာပြဿနာတွေ ထိထိရောက်ရောက် ဖြေရှင်းသွားနိုင်မယ်လို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို ဥပဒေပညာရှင်တွေ၊ တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတွေ၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာသမားတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013