DVB Logo
Home
မြန်မာသတင်း
မြိုင်ကြီးငူ စစ်ဘေးရှောင်ပြည်သူများ စားသောက်ရေး အခက်ကြုံ
DVB
·
December 13, 2017
မြိုင်ကြီးငူ စစ်ဘေးရှောင်ပြည်သူများ စားသောက်ရေး အခက်ကြုံ
Donate to DVB

မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းကို ရောက်ရှိခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေဆီိ ကူညီထောက်ပံ့မှုတွေ မလာရောက်တော့တဲ့အတွက် စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ဆန်က ရတလှည့်၊ ပျက်တလှည့် ဖြစ်နေပြီး ဘယ်အဖွဲ့အစည်းကမှလည်း လာရောက် ကူညီထောက်ပံ့တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ လှိုင်းဘွဲ့အုပ်ချုပ်ရေးအဖွဲ့ကို အကူအညီ တောင်းခံထားတယ်လို့ စစ်ဘေးရှောင်စခန်းရဲ့ ၂၄ရွာ အတွင်းရေးမှူး စောအောင်ဝင်းထွန်းက ပြောပါတယ်။

စစ်ဘေးရှောင်တွေရဲ့ စားသောက်ရေးကို ပြည်နယ်အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကပါ ထိထိရောက်ရောက် ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ဘားအံမြို့ခံ ရပ်မိရပ်ဖ ဦးကျော်မင်းစိန်က ပြောပါတယ်။

ပြည်နယ်အစိုးရက ထိထိရောက်ရောက် ထောက်ပံ့မှုကို မျှော်လင့်နေကြပြီး အကူအညီ မရရင် စားနပ်ရိက္ခာ ပြတ်လပ်သွားဖို့ ရှိနေပြီး ဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်ချင်ပေမယ့် နယ်မြေ မအေးချမ်းသေးတဲ့အတွက် နေရပ်မပြန်ရဲကြဘူးလို့ သိရပါတယ်။

လက်ရှိ စစ်ဘေးရှောင်စခန်းမှာ ကျေးရွာ ၂၄ ရွာက လူဦးရေ ၅၀၀၀ ကျော် လာရောက် ခိုလှုံနေတာဖြစ်ပြီး ၁ ရက်ကို ဆန်အိတ် ၃၀ လောက် ချက်ရတယ်လို့ ချက်ပြုတ်ရေး တာဝန်ခံက ပြောပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့လည်း ဝိုင်းဝန်းကူညီကြဖို့ကိုလည်း စခန်းတာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ အလှူရှင်တွေ လာရောက် ထောက်ပံ့ကူညီမှုတွေ မရှိတော့တဲ့အတွက် မြိုင်ကြီးငူဆရာတော်ကြီးက ဒီနေ့ထိ ကျွေးမွေးစောင့်ရှောက်ထားပြီး အလုပ်အကိုင်အတွက် ဆရာတော်ကြီးရဲ့ သာသနာပြုလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ပြီး စားသောက်ရေးကို ဖြေရှင်းနေကြရတာပါ။

အလုပ်အကိုင် ရှားပါးတဲ့အတွက် ရေရှည်ရပ်တည်ဖို့ အခက်အခဲတွေ အများကြီး ရှိလာနိုင်သလို နေရပ်တွေမှာလည်း တိုက်ပွဲတွေအပြင် မိုင်းအန္တရာယ်ကိုပါ စိုးရိမ်နေကြရတာပါ။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013