DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ် ကျေးရွာတရွာတွင် သေနတ်တလက်ဖမ်းမိ
DVB
·
December 13, 2017
ကလေးမြို့နယ် ကျေးရွာတရွာတွင် သေနတ်တလက်ဖမ်းမိ
Donate to DVB

ကလေးမြို့ မြောက်ဘက် ၁၀ မိုင်လောက်အကွာမှာရှိတဲ့ ကြိုးကြာကွင်းရွာမှာ မနေ့ညကနေက ပိုင်ရှင်နဲ့အတူ သေနတ်တလက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဝင်းထွဋ်က“ကျနော်တို့ သတင်းအရ အဲဒီ ကြိုးကြာကွင်းရွာကို သွားတယ်။ ကျနော်ရယ်၊ ခရိုင် မှု/နှိမ်က ရဲအုပ်သီဟရယ်၊ ရဲတပ်သား ဇော်ဝင်းထွဋ်ရယ်နဲ့ သက်သေတွေ ခေါ်သွားတယ်။ ဟိုရောက်တော့ သတင်းရတဲ့ လူနဲ့ အိမ်ကို တက်ရှာတော့ အိပ်ခန်း အိပ်ရာပေါ်မှာ သေနတ်ကို တွေ့တာနဲ့ တခါတည်း လူကို ဖမ်းဆီး၊ လက်နက်ကို သိမ်းနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ သေနတ်ဟာ နှစ်လုံးပြူး အမျိုးအစား နိုင်ငံခြားဖြစ် သေနတ်ဖြစ်ပြီး ထုတ်လုပ်တဲ့ နိုင်ငံကိုတော့ မသိရသေးပါဘူး။ပြောင်းအရှည်  ကိုယ်ထည်ဒင် စုပေါင်း ၂၉ လက်မ အရှည်ရှိပြီး အသုံးပြုတဲ့ ကျည်တောင့် အချို့ပါ ဖမ်းဆီးရမိခဲ့တာပါ။

လက်နက်နဲ့အတူ ဖမ်းဆီးခံခဲ့ရသူကတော့ ကိုင်ဇခိုင် ဆိုတဲ့ အမျိုးသားတဦးဖြစ်ပြီး လက်နက်ဥပဒေ ၁၉(စ)နဲ့  ရဲအုပ်သီဟက တရားလိုပြု အမှုဖွင့် စစ်ဆေးနေပါတယ်။

ကလေးနယ်မှာ အခုလို နိုင်ငံခြားဖြစ် လက်နက်မျိုး ဖမ်းဆီးရရှိမှု၊ ကိုင်ဆောင်မှု ရှားပါးပြီး ချင်းပြည်နယ်နဲ့ ထိစပ်နေတာကြောင့် လက်လုပ်သေနတ် တူမီးကိုင်ဆောင်မှုကြောင့် ဖမ်းဆီးမှုတွေကတော့ မကြာခဏ တွေ့နေရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013