DVB Logo
Home
မြန်မာသတင်း
နတ်သံကွင်းဈေး မီးလောင်မှုဖြစ်ပွား၊ ဆိုင်ခန်း ၁၅၀ကျော်မီးလောင်ဆုံးရှုံး
DVB
·
December 13, 2017
နတ်သံကွင်းဈေး မီးလောင်မှုဖြစ်ပွား၊ ဆိုင်ခန်း ၁၅၀ကျော်မီးလောင်ဆုံးရှုံး
Donate to DVB

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာ တံခွန်တိုင် (၅/က) ရပ်ကွက်၊ ကျေးရွာဈေးမှာ ဒီဇင်ဘာ ၁၂ ရက် ည ၈နာရီလောက်က  မီးလောင်ကျွမ်းမှုတခု ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခန်းတွေ အများအပြား မီးလောင်ဆုံရှုံးခဲ့ပါတယ်။

မီးဟာ ဈေးမြောက်ဘက်ထိပ် ဈေးအတွင်းပိုင်းက စတင်လောင်ခဲ့တာဖြစ်ပြီး မီးလောင်ရာကို ကျောက်ကြီးမြို့နယ်ရှိ မီးသတ်စခန်းတွေအပြင် အနီးနားက မြို့တွေက မီးသတ်ယာဉ် ၉ စီးနဲ့ ရေသယ်ယာဉ် ၅ စီး စုစုပေါင်း ၁၄ စီး၊ မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၁၀၀ ခန့်တို့ လာရောက်ငြှိမ်းသတ်ပေးခဲ့ကြရပြီး ၂ နာရီလောက်အကြာမှာ မီးငြိမ်းသွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် ၈ ပေပတ်လည် အုတ်ညှပ်ဆိုင်ခန်း ၇၅ ခန်းနဲ့ ပျံကျဆိုင်ခန်း ၈၄ ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် စုစုပေါင်း ဆိုင်ခန်း ၁၅၉ ခန်း မီးလောင်ကျွမ်းခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးကတော့ မသိရှိရသေးဘူးလို့  ဖြူးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။

“ဘယ်လိုဖြစ်ပြီး လောင်တယ်ကတော့ စုံစမ်းဆဲပါ။ ဆုံးရှုံးမှုတန်ဖိုးကလည်း တွက်ချက်ဆဲပါပဲ။ အိမ်လို မဟုတ်တဲ့အခါကျတော့လေ စုပေါင်းပြီးတော့ တွက်ချက်ဆဲပါ။ မီးသတ်ယာဉ် ၁၄ စီးနဲ့ အင်အား ၁၀၀ နဲ့ ငြှိမ်းသတ်ခဲ့တာပါ။ စလောင်တာကတော့ ည ၇နာရီ ၄၅ပါ။ ၈နာရီ၄၅မှာ မီးထိန်းထားနိုင်ပြီး ၉နာရီ ၄၅ မှာ မီးငြှိမ်းသတ်နိုင်ခဲ့တာပါ”

မီးလောင်မှုကြောင့်လူတွေထိခိုက်ဒဏ်ရာ ရရှိမှုတော့မရှိဘူးလို့ မီးလောင်ရာကို သွားရောက်ကူညီခဲ့သူ ကြက်ခြေနီတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဈေးဟာ ၂၀၁၂ ခုနှစ်မှာ မီးလောင်မှု တကြိမ် ဖြစ်ဖူးခဲ့ပြီး အခုဈေးဟာ ဆိုင်ခန်းပေါင်း ၁၃၆ ခန်း၊ ပျံကျဆိုင်ခန်း ၈၀၊ စုစုပေါင်း ၂၁၆ ခန်းနဲ့ အသစ် ပြန်လည်ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

အခုမီးလောင်မှုကို နတ်သံကွင်း နယ်မြေရဲစခန်းနဲ့ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ဘယ်ဆိုင်ခန်းက စတင်မီးလောင်ကျွမ်းတယ်ဆိုတာနဲ့ မီးလောင်ကျွမ်းမှု ဖြစ်စဉ်ကို စုံစမ်း ဖော်ထုတ်အရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013