DVB Logo
Home
မြန်မာသတင်း
သထုံမြို့တွင် ဆက်သွယ်ရေးဝန်ထမ်းတစ်ဦး လည်ပင်းကို ဖုန်းကြိုးနှင့်စွပ်ပြီး ကြိုးဆွဲချသေဆုံး
DVB
·
December 13, 2017
သထုံမြို့တွင် ဆက်သွယ်ရေးဝန်ထမ်းတစ်ဦး လည်ပင်းကို ဖုန်းကြိုးနှင့်စွပ်ပြီး ကြိုးဆွဲချသေဆုံး
Donate to DVB

 

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ဆားဖိုလမ်းရှိ ဆက်သွယ်ရေးဝန်ထမ်းအိမ်ရာဝန်း အတွင်း ဒီဇင်ဘာ ၁၂ ရက် နေ့ခင်းပိုင်းက  ၀န်ထမ်း အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သထုံမြို့မရဲစခန်းက သိရပါတယ်။

သထုံမြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်က “သေဆုံးသူက ဆက်သွယ်ရေးဝန်ထမ်း တစ်ဦးပါ။ လည်ပင်းကိုတယ်လီဖုန်းကြိုးနဲ့စွပ်ပြီး ကြိုးဆွဲချသေဆုံးခဲ့တာပါ။ နောက်ပြီးသူက အရက်အလွန်အကျွံသောက်တတ်တဲ့သူလည်းဖြစ်တယ်လို့ ကျနော်တို့စုံစမ်းသိရှိထားပါတယ်။ မိသားစုနဲ့လည်းကင်းကွာပြီး တစ်ယောက်ထဲနေရတော့ စိတ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်ထားတဲ့ သူပါ။ သထုံခရိုင်ထဲမှာတော့ ဒီနှစ်အတွင်းကြိုးဆွဲချသေဆုံးမှုက ဒါပထမဆုံးပါဘဲ” လို့ ဒီဗွီဘီကိုပြောပါတယ်။

သထုံမြို့၊ နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်ရဲ့ ဖုန်းသတင်းပေးချက်အရ သထုံမြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာ နန်းခဲရပ်ကွက်၊ ဆားဖိုလမ်းရှိ ဆက်သွယ်ရေးဝန်ထမ်းအိမ်ရာဝန်း အတွင်းရှိ နေအိမ်လိုင်းခန်းအတွင်း စိုးမြင့်အောင်(၄၅)နှစ်၊ ဆက်သွယ်ရေးဝန်ထမ်း ဆသရ(၅)မှာ နေအိမ်လိုင်းခန်းအတွင်း အမြင့် ၁၃ပေရှိ ယောက်တန်းမှာ အရှည် ၅ပေခန့်ရှိ ဆက်သွယ်ရေး ၀ါယာကြိုးအနက်နဲ့ ချည်နှောင်ပြီး လည်ပင်းကြိုးကွင်းစွပ် တန်းလန်းအနေအထားနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် ဆက်လက်စစ်ဆေးနိုင်ဖို့ အတွက် သထုံမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၇/၂၀၁၇ဖြင့် အမှုဖွင့်လှစ်ထားပါတယ်။

သတင်း=ယူမင်းစိုး

ဓာတ်ပုံ=ရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013