DVB Logo
Home
မြန်မာသတင်း
မင်းဘူး-အမ်းလမ်းတွင် ဆန်အိတ်တင် ၆ ဘီးယာဉ် တိမ်းမှောက်၊ အမျိုးသား ၂ ဦးသေဆုံး
DVB
·
December 13, 2017
မင်းဘူး-အမ်းလမ်းတွင် ဆန်အိတ်တင် ၆ ဘီးယာဉ် တိမ်းမှောက်၊ အမျိုးသား ၂ ဦးသေဆုံး
1 / 3
Donate to DVB

 

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် မင်းဘူး-အမ်းလမ်း ဂုတ်ကြီးကျေးရွာအထက် မိုင်တိုင် ၁၃ အနီးမှာ ဆန်အိတ်တွေ တင်ဆောင်မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ဟာ မနေ့က တိမ်းမှောက်ခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ ဂုတ်ကြီးရဲကင်း စခန်းမှူးက ပြောပါတယ်။

မင်းဘူး-အမ်းလမ်း ဂုတ်ကြီးကျေးရွာအထက်မိုင်တိုင် ၁၃ အနီးမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ရခိုင်မှ မကွေးတိုင်းဘက်သို့ ဆန်အိတ်တွေ တင်ဆောင်လာတဲ့ ၆ ဘီးယာဉ်ဟာ ကားလမ်းရဲ့ယာဘက်သို့ တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း ပြည့်ဖြိုးအောင်နဲ့ ယာဉ်ပေါ်ပါ ကျော်ဝင်းထွန်းတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့တာပါ။

ဂုတ်ကြီးရဲကင်း စခန်းမှူးရဲအုပ်ကျော်မျိုးက “ယာဉ်ပေါ်ပါနောက်တဦးဖြစ်တဲ့ ဖြိုးကိုကိုမှာ ဝဲဘက်မျက်လုံး ပေါက်ထွက်ဒဏ်ရာ တချက်၊ ဝဲနားထင် ပေါက်ပြဲဒဏ်ရာ တချက်၊ ယာ လက်မောင်း ပေါင်တို့တွင် ပွန်းပဲ့ဒဏ်ရာ ရရှိကာ အခင်းဖြစ်နေရာမှာ သတိလစ်နေတဲ့အတွက် သေဆုံးသူ ၂ ဦးနဲ့ ဒဏ်ရာရရှိသူတွေကို ပဒါန်းတိုက်နယ် ဆေးရုံကို ပို့ခဲ့တယ်”လို့ ပြောပါတယ်။

ယာဉ်မဆင်မခြင် မောင်းနှင်သူ ပြည့်ဖြိုးအောင်ကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ ယာဉ်(ပ)၁၉/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ-၃၀၄-က/၃၃၈ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013