DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့တွင် အနုကြမ်းစီးပစ္စည်းလုယက်မှုဖြစ်ပွား
DVB
·
December 13, 2017
ရွှေဘိုမြို့တွင် အနုကြမ်းစီးပစ္စည်းလုယက်မှုဖြစ်ပွား
1 / 2
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အမှတ် ၂ ရပ်ကွက်မှာ ဒီဇင်ဘာ ၁၂ ရက်မနက်  ၂ နာရီလောက်က  နေအိမ်တစ်အိမ်အား အနုကြမ်းစီးပြီး ပစ္စည်းလုယက်မှုဖြစ်ပွားခဲ့ပါတယ်။

အိမ်ပိုင်ရှင် ဦးသာမွှေးနဲ့ ဇနီးဖြစ်သူ ဒေါ်တင်မာနွယ်တို့ အိမ်အောက်ထပ်မှာ အိပ်ပျော်နေစဉ် နေအိမ်အပေါ်ထပ်မှာ အိပ်ပျော်နေသူ သမီးဖြစ်သူ ၂ ဦးနဲ့ ယောက်မဖြစ်သူတို့ အော်သံကြားရာမှ ဒေါ်တင်မာနွယ်က တက်ကြည့်ရာလှေကားမှဆင်းလာတဲ့ အမည်မသိသူ တစ်ဦးက ဒေါ်တင်မာနွယ်ရဲ့ လည်ပင်းကို ဓားနဲ့ထောက်ပြီး အိမ်ရှင်ဖြစ်သူ ဦးသာမွှေးကို ရှေ့မတိုးဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ ရွှေဘိုမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီနောက် အိမ်ရှင်နဲ့ ဓါးကိုင်အနုကြမ်းစီးသူတို့ နေအိမ်အောက်ထပ်မှာ လုံးထွေး သတ်ပုတ်ကြရာ အိမ်ရှင်အပါဝင် ဇနီးနဲ့ သမီးဖြစ်သူမှာ ဓားဒါဏ်ရာတွေရရှိခဲ့ပြီး သမီးဖြစ်သူ ဝတ်ဆင်ထားတဲ့ ၁ ကျပ်သား ရွှေဆွဲကြိုးကိုဖြုတ်ယူကာ ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။

ရွှေဘိုမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက "အိမ်ရှင်တွေ ဒဏ်ရာကတော့ သိပ်မစိုးရိမ်ရ ပါဘူး။ လတ်တလော တရားခံဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေပါတယ်" လို့ ပြောပါတယ်။

အခုလို အနုကြမ်းစီးပြီး ပစ္စည်းလုယက်ယူသွားသူကို အိမ်ရှင်ဖြစ်သူ ဦးသာမွှေးက တရားလိုပြုလုပ်ကာ ရွှေဘိုမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၄နဲ့ အမှုဖွင့်ထား ပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013