DVB Logo
Home
မြန်မာသတင်း
လွတ်လပ်ခြင်းသည် လက်လွတ်စပယ် ပြောဆိုရေးသားခြင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
December 13, 2017
လွတ်လပ်ခြင်းသည် လက်လွတ်စပယ် ပြောဆိုရေးသားခြင်းမဟုတ်ဟု  ဒေါ်အောင်ဆန်းစုကြည်  ပြော
Donate to DVB

 

 “လွတ်လပ်ခြင်းသည် လက်လွတ်စပယ် ပြောဆိုရေးသားခြင်းမဟုတ်” ဆိုတဲ့ တာဝန်သိမှုကို သတိပြုဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၁၂ရက်ကကျင်းပတဲ့ စာပေညီလာခံ (၂၀၁၇) ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆို ခဲ့တာဖြစ်ပြီး အခု စာပေညီလာခံကနေ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပေးမယ့် လုပ်ငန်းလမ်းညွှန်များ၊ အစီအစဉ်ကောင်းတွေ ချမှတ်နိုင်ကြလိမ့်မယ်လို့ ယုံကြည် မျှော်လင့်မိတယ်လို့လည်း ပြောပါတယ်။

“စာပေပညာရှင် တထောင်ကျော် တက်ရောက်ပြီး ခေါင်းစဉ်ပေါင်း (၅၀) ကျော်နဲ့ ဆွေးနွေးကြမယ့် စာပေညီလာခံကြီးမှာ “လွတ်လပ်သော စာပေ၊ လွတ်လပ်သောအသံ” ဆိုတဲ့ ညီလာခံဆောင်ပုဒ်နဲ့အညီ စာပေပညာရှင်တို့ လွတ်လပ်စွာ ဆွေးနွေးတိုင်ပင်ကြပြီးနောက်မှာ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အဲဒီက တစ်ဆင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပေးမယ့် လုပ်ငန်းလမ်းညွှန်များ၊ အစီအစဉ်ကောင်းများ ချမှတ်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။လို့ပြောပါတယ်။

ဒါ့အပြင်  ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မြန်မာပြည်သူအများ လိုလားတောင့်တတဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် တစ်နိုင်ငံလုံး ကြိုးပမ်း ဆောင်ရွက်ကြရာမှာ စာပေပညာရှင်တွေအနေနဲ့လည်း မိမိတို့ရဲ့ အနုပညာ၊ အတတ်ပညာ စွမ်းအားတွေနဲ့ ထိရောက်စွာ ဝိုင်းဝန်းပါဝင်ရေးအတွက်ပါ ဦးဆောင်လမ်းပြပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

စာပေညီလာခံဖွင့်ပွဲကို ဒီဇင်ဘာ ၁၂ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပြီး  အဖွဲ့လိုက်စာပေဆွေးနွေးပွဲတွေကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမမှာ ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၆ ရက်အထိ ဆက်လက်ကျင်းပနေပါတယ်။

မြန်မာနိုင်ငံရှိ စာပေအဖွဲ့အစည်း ၁၁ ဖွဲ့စုပေါင်းပြီး စာပေညီလာခံ ၂ဝ၁၇ ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီးတဲ့နောက်  ညီလာခံကို အခုလို ကျင်းပတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013