DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့နယ် အင်းတော်ကြီးသွားကားလမ်းတွင် ဘိန်းဖြူ ကျပ်သိန်း ၁၂၅၄၀ တန်ဖိုး ဖမ်းမိ
DVB
·
December 13, 2017
မိုးညှင်းမြို့နယ် အင်းတော်ကြီးသွားကားလမ်းတွင် ဘိန်းဖြူ ကျပ်သိန်း ၁၂၅၄၀ တန်ဖိုး ဖမ်းမိ
Donate to DVB

 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးသွားကားလမ်းပေါ်မှာ ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲမှာ ဘိန်းဖြူကျပ်သိန်း ၁၂၅၄၀ တန်ဖိုးဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းမှ သိရပါတယ်။

မိုးညှင်းမြို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေဟာ နန့်မွန်းကျေးရွာ ဟိုပင်-အင်းတော်ကြီးသွား ကားလမ်း အေးရိပ်မွန်ကဖေးအနီး သတင်းအရစောင့်ဆိုင်းနေစဉ် ယာဉ်မောင်း လှိုင်မြင့် (၃၁ နှစ်) မောင်းနှင်ပြီး ကိုကိုလင်းမောင် (၁၇ နှစ်) လိုက်ပါလာတဲ့ ယာဉ်နဲ့အတူတူ မောင်းနှင်လာ တဲ့ ဟိုပင်မြို့နေ ဇင်မင်းဦး (၂၂ နှစ်)နဲ့ လိုက်ပါလာသူ လှိုင်ဟန်ထွန်း (၂၁ နှစ်) တို့ ယာဉ် ၂ စီးကို စစ်ဆေးခဲ့ရာမှ မူးယစ်ဆေးတွေကို ဖမ်းမိခဲ့တာပါ။

လှိုင်မြင့်မောင်းနှင်လာတဲ့ ယာဉ်နောက်ခန်းတွင်း ရောင်စုံဆပ်ပြာခွက်တွေအတွင်း ဘိန်းဖြူ ဖြူဝါအမှုန့် အလေးချိန် ၁၂ ဂရမ်စီခန့်ပါ ဆပ်ပြာခွက် ၂၂၀ ခွက်စီပါ ပီနံအိတ်ကြီး ၅ အိတ် စုစုပေါင်းတပ်ပြာခွက် ၁၁၀၀ ခွက် အလေးချိန် ၁၃ ဒသမ၂ကီလိုဂရမ်ခန့်ကာလတန်ဖိုးကျပ်သိန်း ၁၂၅၄၀ သိန်းဖိုးကိုသိမ်ဆည်းရမိခဲ့ပါတယ်။

ဘိန်းဖြူတွေသိမ်းဆည်းရမိခဲ့တဲ့အတွက် သယ်ဆောင်လာသူ ၄ ဦးအား တရားလိုရဲအုပ်နိုင်လင်းထွန်းက လုံးတုံရဲစခန်းမှာ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားပါတယ်။

သတင်း-ဓာတ်ပုံ- မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013