DVB Logo
Home
မြန်မာသတင်း
တရားမဝင်သယ်ဆောင်လာသည့် နွားအကောင် ၂၀ အား ဖြူးမြို့၌ ဖမ်းမိ
DVB
·
December 12, 2017
တရားမဝင်သယ်ဆောင်လာသည့် နွားအကောင် ၂၀ အား ဖြူးမြို့၌ ဖမ်းမိ
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မှာ တရားမဝင်နွားအကောင် ၂၀ တင်ဆောင်လာတဲ့ ကားတစ်စီးကို ဒီနေ့ မနက် ၁ နာရီလောက်က ဖမ်းဆီးရမိခဲ့တယ်လို့ ဖြူးမြို့မ ရဲတပ်ဖွဲစခန်းက ပြောပါတယ်။

“နွားတွေက မိတ္ထီလာက တင်လာတာ။ ခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့က သတင်းရပြီး နောက်ကလိုက်လာတော့ ဒီဘက်ကို ဆင်းပြေးလာတာ။ ရှေ့ကိုဆက်သွားရင် တိုးဂိတ်ရှိ တယ်လေ။ အဲဒါကြောင့် ဒီဘက်ကိုဆင်းပြေးလာတော့ဖမ်းမိတာပါ။ စုစုပေါင်းအကောင် ၂၀ ပါ”လို့ ဖြူးမြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖြူးမြို့ရဲ့မြောက်ဘက် ၃ မိုင်ခန့်အကွာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနဲ့ ရန်ကုန်- မန္တလေးလမ်းဟောင်းကို ဆက်သွယ်ထားတဲ့ ဆားဂွန်းလမ်းအတိုင်း ဖြူးမြို့ဘက်သို့ မောင်းနှင်လာတဲ့ ယာဉ်မောင်းကိုညီညီ (ခ) လှမျိုးထက် (မိတ္ထီလာမြို့) နေသူမောင်းနှင်လာတဲ့ FUSO အမျိုးအစား ၆ ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးစဉ် တရားမဝင်နွားအကောင် ၂၀ ကို မိတ္ထီလာမြို့မှသယ်ဆောင်လာပြီး ဖြူးမြို့နယ် မကျည်းကုန်းကျေးရွာနေ အောင်ခန့်ထံသို့ ပိုဆောင်မယ့် နွားတွေဖြစ်ကြောင်း စစ်ဆေးတွေ့တဲ့အတွက် တရားဝင်ခွင့်ပြုမိန့် စာရွက်စာတန်း မပါရှိပဲသယ်ဆောင်လာတာကြောင့် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမဝင်နွားတွေ တင်ဆောင်မောင်နှင်လာသူ ယာဉ်မောင်း ကိုညီညီ (ခ) လှမျိုးထက်နဲ့ နွားပိုင်ရှင်အောင်ခန့်တို့ကို ဖြူးမြို့မ ရဲတပ်ဖွဲ့စခန်းမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရ အမှု့ဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013