DVB Logo
Home
မြန်မာသတင်း
ကနီမြို့ အထကကျောင်းတွင်ရိုက်ပွဲဖြစ်၊ ကျောင်းသားအချို့ ဆေးရုံရောက်
DVB
·
December 12, 2017
ကနီမြို့ အထကကျောင်းတွင်ရိုက်ပွဲဖြစ်၊ ကျောင်းသားအချို့ ဆေးရုံရောက်
1 / 2
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းထဲမှာ ဒီဇင်ဘာ ၁၁ ရက်နေ့၊ နေ့လယ်ကျောင်းဆင်းချိန်မှာ ရိုက်ပွဲဖြစ်ပွားခဲ့လို့ ကျောင်းသားအချို့ ဒဏ်ရာရကာ ဆေးရုံမှာဆေးကုသမှုခံယူနေရပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်လောက်က ခိုက်ရန်ဖြစ်ပွားခဲ့တာကို ကျောင်းအုပ်ကြီးက ရုံးခန်းသို့ ကျောင်းသားတွေရော၊ မိဘတွေပါ ခေါ်ယူသတိပေးဆုံးမခဲ့တာကို မကျေနပ်တာကြောင့် ရိုက်ပွဲထပ် ဖြစ်ရတာလို့ သိရပါတယ်။

ကနီမြို့၊ အမှတ် ၃ ရပ်ကွက်ရှိ အလင်းရောင်စာသင်ဝိုင်းက ကြီးကြပ်ဆရာတွေဖြစ်တဲ့ ဦးရဲမင်းဇော်၊ ဦးကျော်ဇင်ဦးတို့ပါဝင်တဲ့ ၁၀ တန်းကျောင်းသား ၁၈ ယောက်နဲ့ ၉ တန်း ကျောင်းသား ၃ ယောက်တို့က နေ့လယ်ကျောင်းဆင်းချိန်မှာ သံပိုက်၊ တုတ်တွေကိုယ်စီ ကိုင်ဆောင်ပြီး ကျောင်းဝင်းအတွင်းကိုဝင်ကာ ၉ တန်းဆောင်နှင့် ၁၀ တန်းဆောင်အကြား မြေကွက်လပ်မှာ ရန်ဖြစ်ခဲ့ဖူးတဲ့ကျောင်းသားတွေကို အသင့်ပါလာတဲ့ တုတ်တွေနဲ့ ရိုက်နှက်ခဲ့တာပါ။

သက်ဆိုင်ရာကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမတွေက တားမြစ်ပေမယ့် နာခံမှုမရှိဘဲ မချေမငံပြောဆိုကာ ဆက်လက်ရိုက်နှက်တာကြောင့်  ၉တန်းနဲ့ ၁၀တန်း ကျောင်းသားအချို့ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။

အခုလိုကျောင်းဝင်းအတွင်း ဝင်ရောက်ရိုက်နှက်ခဲ့တာနဲ့ပတ်သက်ပြီး ကနီမြို့ အထက်တန်းကျောင်းအုပ်ကြီး ဦးမျိုးဆန်းလင်းက တရားလိုပြုလုပ်ကာ ကိုယ်ထိလက်ရောက် ပြစ်မှုကျုးလွန်ခဲ့တဲ့ အလင်းရောင်စာသင်ဝိုင်းက ကြီးကြပ်ဆရာ ၂ ဦးနဲ့ ကျောင်းသား ၂၁ ယောက်တို့ကို ကနီမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅/၃၅၁/၁၁၄ တို့အရ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013