DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 12, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ကျပ် ၅၁,၇၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၃,၀၀၀ ကနေ ငွေကျပ် ၅၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ အိတ်ကို ၁,၀၀၀ ကျပ်ကျော် ဈေးကျဆင်းသွားပြီးတော့ မန္တလေးမှာတော့ ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၂,၀၀၀ ကျပ်ကျော်လောက် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံက ၁ အိတ်ကို ၃၆,၂၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစား ကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၆,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက ၁ အိတ်ကို ၇၀၀ ကျပ်လောက် ဈေးကျဆင်းသွားပြီး မန္တလေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၁ အိတ်ကို ၁,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ
ပဲလွန်းဖြူကတော့ ၁ အိတ်ကို ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ၁ အိတ်ကို ၈၈,၈၀၀ ကျပ်ကနေ ငွေကျပ် ၉၂,၀၀၀ ပေါက်ဈေးရှိနေပြီး မန္တလေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၈၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ၁ အိတ်ကို ၅,၀၀၀ ကျပ်လောက် ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၈,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2
ရန်ကုန် ကုန်စည်ဒိုင်မှာ ကုလားပဲလုံး v2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၈၅,၉၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ကုလားပဲ အများဆုံး ဝင်တဲ့ မန္တလေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၂၀,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက ၁ ပိဿာကို ၁,၇၅၀ ကျပ် ပေါက်ဈေးရှိနေပြီး မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၈၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၀ ကျပ်လောက် ဈေးကျဆင်းသွားပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၂၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံ ၁ ပိဿာကို ၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းဖြူ
နှမ်းအဓိက အများဆုံး ဝင်တဲ့ မုံရွာကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၅,၀၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၁၁၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၇,၀၀၀ ပေါက်ဈေးရှိပါတယ်။ မုံရွာနဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၈,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013