DVB Logo
Home
မြန်မာသတင်း
သတင်းထောက်များနှင့်အတူ ဖမ်းဆီးခံရသည့် ကားမောင်းသမား ၂ဦးအမှုကြံ့ကြာနေ
DVB
·
December 12, 2017
သတင်းထောက်များနှင့်အတူ ဖမ်းဆီးခံရသည့် ကားမောင်းသမား ၂ဦးအမှုကြံ့ကြာနေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သတင်းထောက်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ ကားမောင်းသမား ၂ယောက်ရဲ့ အမှုမှာ  ပြန်ခေါ်သက်သေတွေ မလာတာလို့ အမှုကြံ့ကြာနေပြီး တရားစွဲခံရသူတွေ နစ်နာမှုနဲ့ကြုံတွေ့နေရပါတယ်။

သတင်းသမားတွေနဲ့အတူ ဖမ်းဆီးတရားစွဲခံခဲ့ရတဲ့ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့  စိုင်းအောင်ခမ်းတို့ကို လိုင်စင်မဲ့ကားအမှုနဲ့ တပ်မတော်က  ဆက်လက်ဖမ်းဆီးတရားစွဲထားတာ ၆ လလောက်ကြာနေပြီဖြစ်ပေမယ့် အမှုမပြီးပြတ်သေးဘဲ ကြံ့ကြာနေတာပါ။

စိုင်းအောင်ခမ်းရဲ့ ရှေ့နေ ဦးဝင်းမြင့်အောင်က “နမ့်ဆမ်က စခန်းမှူးနဲ့ ၅၀၃ တပ်က ဗိုလ်ကြီးတို့ကို ပြန်ခေါ်သက်သေခေါ်ထားတယ်။ ဗိုလ်ကြီးက သင်တန်းတက်နေလို့ မလာနိုင်တာကြောင့် လာမယ့် ၁၅ ရက်နေ့မှာ ပြန်ချိန်းထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာကတည်းက ရုံးချိန်းတွေမှာလည်း သက်သေတွေ မလာလို့ ပြန်ပြီး အမှုရုံးချိန်တွေ အကြိမ်ကြိမ် ပြန်ချိန်းဆိုနေခဲ့ရတယ်လို့ဆိုပါတယ်။

မိုင်းဆန်းညွန့်နဲ့  စိုင်းအောင်ခမ်းတို့ဟာ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းထောက်တွေနဲ့ အတူ ပြီးခဲ့တဲ့ ဇွန်လကလည်းက ဖမ်းခံခဲ့ရပြီး မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁)၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့တရားစွဲဆိုခံထားရတာပါ။

မတရားအသင်းနဲ့ စွဲထားတဲ့အမှုကို တပ်မတော်က ပြန်ရုပ်သိမ်းလိုက်လို့ သတင်းထောက်တွေနဲ့ ဒရမ်တီးသူတဦးတို့ ပြန်လွတ်လာခဲ့ပေမယ့် ကားသမားတွေကတော့ လိုင်စင်မဲ့ကားအမှုနဲ့ ဆက်လက်အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ အချင်းဖြစ်ယာဉ်ကို စွပ်စွဲခံရသူက မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းကြောင်း စွပ်စွဲသူ တရားလိုဘက်က သက်သေပြဖို့လိုအပ် မှာဖြစ်ပြီး  ဒီပုဒ်မနဲ့ ပြစ်ဒဏ်ချမယ်ဆိုရင်တော့ အများဆုံး ၃ နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်တာပါ။

ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်က တီအန်အယ်လ်အေက ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သတင်းသွားယူပြီးအပြန်မှာ ဒီဗွီဘီ အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီ သတင်းထောက် ဦးသိန်းဇော်၊ တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ ၆ ယောက်ကို တပ်မတော်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013