DVB Logo
Home
မြန်မာသတင်း
နိုင်​ငံတကာ​ဈေးကွက်ချိတ်​ဆက်​​ပေး​ရေး ​လျှော်​ဖြူစိုက်​ပျိုးသူ​များ မျှော်လင့်
DVB
·
December 12, 2017
နိုင်​ငံတကာ​ဈေးကွက်ချိတ်​ဆက်​​ပေး​ရေး ​လျှော်​ဖြူစိုက်​ပျိုးသူ​များ မျှော်လင့်
Donate to DVB

 

မန္တလေးတိုင်း မြင်းခြံမြို့နယ်က လျှော်ဖြူ စိုက်ပျိုးတဲ့ တောင်သူ အများစုက လျှော်ဖြူဈေးကွက်ကို အစိုးရအနေနဲ့ နိုင်ငံတကာဈေးကွက်နဲ့ တရားဝင် ချိတ်ဆက်ပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ လျှော်ဖြူစိုက်ပျိုးသူ တောင်သူတွေက ပြောပါတယ်။

အပူပိုင်းဒေသဖြစ်တဲ့ မြင်းခြံမြို့နယ်မှာ ရာသီဥတု မမှန်တဲ့အတွက် တောင်သူအချို့ဟာ စိုက်ပျိုးနည်းစနစ်တွေ ပြောင်းလဲလာကြပြီး လျှော်ဖြူတွေကို စမ်းသပ်စိုက်ပျိုးရာမှ လက်ရှိမှာ စီးပွားဖြစ် အများအပြား စိုက်ပျိုးလာနေကြတာ ဖြစ်ပါတယ်။

မြင်းခြံမြို့နယ် ဓူဝံကျေးရွာမှာ လျှော်ဖြူ စိုက်တဲ့ ကိုမင်းဇော်ဦးက “ အစိုးရအနေနဲ့လည်း လျှော်ဖြူအကြောင်းကို သိပ်စိတ်မဝင်စားသေးဘူး။ အစိုးရ သိအောင် ကြိုးစားရမှာက ကျနော်တို့ စိုက်ပျိုးသူတွေရဲ့အလုပ်ပါ။ သိပြီဆိုတာနဲ့ လျှော်ဖြူ စိုက်ပျိုးတဲ့ တောင်သူတွေအပေါ်မှာ တကယ့်ကို ထိထိရောက်ရောက်နဲ့ နိုင်ငံတကာဈေးကွက် အထိ ချိတ်ဆက်ပေးနိုင်အောင် ကူညီပေးစေချင်တာပါ။ ခုက တရားဝင်ဈေးကွက် မရှိတော့ တရုတ်ကို အဓိကထား ပို့နေရတာ၊ တရုတ်ဈေးကွက်ကလည်း တရားဝင်ဈေးကွက် မဟုတ်တော့ ရေရှည်မှာ အားကိုးလို့ မရဘူးပေါ့။ အဲဒါကြောင့် နိုင်ငံတကာဈေးကွက်ကို ချိတ်ဆက်ပေးနိုင်ဖို့ မျှော်လင့်တာပါ”လို့ပြောပါတယ်။

လက်ရှိမှာတော့ လျှော်ဖြူအရည်အသွေးပေါ်မှာ မူတည်ပြီး လျှော်ဖြူ ၁ ပိသာကို ပျှမ်းမျှဈေးနှုန်း၎ သောင်းဝန်းကျင်ရှိကာ ပစ္စည်းပေါ် မူတည်ပြီး ဈေးမြင့်ပြီး ပေးဝယ်တာတွေလည်း ရှိပါတယ်။

လျှော်ဖြူစိုက်ပျိုးရေးဟာ ဒေသခံတွေအတွက် အလုပ်အကိုင်တွေဖန်တီးပေးနိုင်သလို အစိုးရအတွက်လည်း အခွန်အခတွေရနိုင်တယ်လို့လည်း လျှော်ဖြူစိုက်ပျိုးသူ ကိုမင်းဇော်ဦးက ပြောပါတယ်။

“အပူပိုင်းဒေသတွေမှာ လျှော်ဖြူဟာ အများဆုံးဖြစ်ထွန်းတာကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပေးထားရာလည်း ရောက်မယ်၊ ဒေသခံတွေအတွက် အလုပ်အကိုင်လည်း ဖန်တီးပေးနိုင်တယ်။ လျှော်ဖြူနဲ့ ပတ်သတ်ပြီးအစိုးရက တရားဝင်ဈေးကွက် ဖြစ်သွားမယ်ဆိုရင် နိုင်ငံတော်လည်း အခွန်ရမယ်။၊ စိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့ တည်ငြိမ်တဲ့ ဈေးကွက်တခုရပြီး အချိန်မရွေးရောင်းလို့ ရနိုင်မယ့် ဈေးကွက်တခုရရှိဖို့ မျှော်လင့်တာပါ”

မြင်းခြံခရိုင်အတွင်းမှာ လျှော်ဖြူစိုက်ဧကပေါင်း ၅၀၀ ကျော်လောက် စိုက်ပျိုးထားကြပါတယ်။  စိုက်ပျိုးမှုနဲ့ အစေးထုတ်လုပ်မှု နည်းစနစ်ပိုင်းတွေမျှဝေချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး  မြင်းခြံခရိုင်မှာရှိတဲ့ လျှော်ဖြူစိုက်ပျိုးသူတွေ အသင်းဖွဲ့သွားဖို့ အစီအစဉ်လည်းရှိနေပါတယ်။

သတင်း - ဓာတ်ပုံ ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013