DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ်တိုက်မိရာက ကိုယ်ဝန်ပျက်ကျသဖြင့် လူသေမှုပုဒ်မပြောင်းဖမ်းဆီး
DVB
·
December 12, 2017
ဆိုင်ကယ်တိုက်မိရာက ကိုယ်ဝန်ပျက်ကျသဖြင့် လူသေမှုပုဒ်မပြောင်းဖမ်းဆီး
Donate to DVB

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ရိုးစုံရွာအနောက်ဖက် သဲတော-ရိုးစုံလမ်းမှာ ဆိုင်ကယ် ၂စီး မျက်နှာချင်းဆိုင်တိုက်မိရာက ကိုယ်ဝန်ဆောင်အမျိုးသမီး ကိုယ်ဝန်ပျက်ကျခဲ့တာကြောင့် လူသေမှု ပုဒ်မ ပြောင်းပြီးရဲက ဖမ်းဆီးလိုက်ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က တရားစွဲဆိုရာမှာ လူသေမှု ပုဒ်မ ပြောင်းပြီး ဖမ်းဆီးလိုက်ရတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိ  ဒုရဲအုပ်သိန်းဇော်သန်း ကပြောပါတယ်။

“အခင်းဖြစ်တာက လွန်ခဲ့တဲ့ ၃ လကျော် လောက်က ဖြစ်တယ်။ ဆေးစာရပြီး အမှုကို တရားရုံးတင်တော့ ၈ လရှိနေတဲ့ ကိုယ်ဝန်ပျက်ကျတာ လူသေမှုဖြစ်သွားတယ်။ ၂ ဦးလုံးကို ဖမ်းလိုက်ရတယ်”

သြဂုတ်လ ၂၇ ရက်နေ့က သဲတော-ရိုးစုံလမ်းမှာ မြစ်သားမြို့နယ် ငါးဆူရွာနေတဲ့ ဦးဝင်းဦးမောင်းပြီး နောက်ခုံမှာ ကိုဝေလင်းမောင် လိုက်ပါလာတဲ့ဆိုင်ကယ်နဲ့ ဝမ်းတွင်းမြို့ သပြေသာရွာမှာနေတဲ့ ကိုယ်ဝန်ဆောင်မိခင် မချိုအေးမောင်ပြီး နောက်ခုံမှာ မမိုင်းရှုး လိုက်ပါလာတဲ့ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။

ဦးဝင်းဦး၊ မချိုအေး၊ မမိုင်ရှုးတို့ ဒဏ်ရာရခဲ့ကြပြီး ဝမ်းတွင်းဆေးရုံမှာ ဆေးကုသစဉ် မချိုအေးက ကိုယ်ဝန်ဆောင်ဖြစ်နေတာကြောင့် မန္တလေးဆေးရုံရွှေ့ပြောင်း ကုသခဲ့ရပါတယ်။

ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ဦးဝင်းဦးနဲ့ မချိုအေးတို့ ၂ ဦးလုံးကို သာမန်ဒဏ်ရာရမှု၊   ပြင်းထန်ဒဏ်ရာရမှု၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့်ထားရာကနေ ဆေးစာနဲ့တရားစွဲဆို ခဲ့ရာ လူသေမှု ပုဒ်မ ၃၀၄-က ပြောင်း တရားစွဲဖမ်းဆီးခဲ့တယ်လို့  ဝမ်းတွင်းမြို့မရဲစခန်းက သိရပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013