DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် အဏ္ဏဝါခရီးသွား ကျွမ်းကျင်မွမ်းမံသင်တန်း ဖွင့်လှစ်
DVB
·
December 12, 2017
ကော့သောင်းတွင် အဏ္ဏဝါခရီးသွား ကျွမ်းကျင်မွမ်းမံသင်တန်း ဖွင့်လှစ်
Donate to DVB

 

ဟိုတယ်နှင့်ခရီးသွားလာမှု ဝန်ကြီးဌာနက အဏ္ဏဝါခရီးသွား ကျွမ်းကျင်မှုသင်တန်းကို ကော့သောင်းမြို့ ကမ်းနားလမ်း TZK ခန်းမမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒီဒေသမှာ နှစ်စဉ် ခရီးသွားဧည့်သည်တွေ တိုးတက်လာနေပြီး ကျွမ်းကျင်တဲ့ ဧည့်လမ်းညွှန်တွေ ပိုမိုလိုအပ်လာနေတာကြောင့်ခုလို ၂ပတ်ကြာသင်တန်းပေးတာဖြစ်ပါတယ်။

ဟိုတယ်နှင့်ခရီး လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးက“လက်ရှိ ဒီဒေသမှာ လုပ်ငန်းခွင်တွေထဲမှာ ရောက်နေတဲ့ ဧည့်လမ်းညွှန်တွေက ဘာအသိအမှတ်ပြုမှ မရှိဘူး။ တကယ်လို့ ပြဿနာတစုံတခုဖြစ်လာခဲ့ရင် ဘောင်မဝင်ဘူးပေါ့။ ကျနော်တို့က ဘောင်ဝင်စေချင်တာပါ။ ပိုက်ဆံလည်း ရရမယ်။ လုပ်ငန်းရှင်တွေကလည်း အလုပ်ပေးလို့ ကောင်းမယ်။ တာဝန်ယူမှု တာဝန်ခံမှု တခုဖြစ်သွားမယ်။ ဒေသဂုဏ်ဆောင် နိုင်မယ့် ကျွမ်းကျင်တဲ့ ဧည့်လမ်းညွှန်တွေ ဖြစ်လာစေဖို့ အဓိကကတော့ ဒေသခံတွေ အလုပ်ရသွားစေချင်တာပါ” လို့ ပြောပါတယ်။

သင်တန်းလာပို့ချပေးသူ မြိတ်တက္ကသိုလ်မှ အငြိမ်းစာပါမောက္ခ ဒေါ်နန်မြဟန်က “ဂိုက်ဆိုတာသူတို့ အားလုံးရဲ့ပြောတဲ့ စကားတွေက နိုင်ငံကိုယ်စားပြုတဲ့ စကားတွေ ဖြစ်တယ်။ သူတို့ မှားလို့မရဘူး။ ဒီတော့ရောက်လာတဲ့ နိုင်ငံတကာ ခရီးသွားတွေအားလုံးကို မှန်ကန်တဲ့ ဒေတာတွေပေးနိုင်ရမယ်။ ခရီးလည်းသွားမယ်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းမယ်ပေါ့။ ဒီလိုဖြစ်အောင် ပို့ချသွားမယ်”လို့ ပြောပါတယ်။

မြိတ်ကျွန်းစုထဲကို နိုင်ငံသားပိုင် နိုင်ငံခြားသားပိုင် စက်တပ်ရွက်လှေတွေ၊ အပျော်စီး သင်္ဘောတွေ ဝင်ရောက်လာပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ လာရောက်လာကာ ရေကူးတာ၊ ရေငုပ်တာ၊ ကျွန်းပေါ် တက်လေ့လာတာ၊ ငှက်ကြည့်တာတွေ လုပ်လေ့ရှိကြပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ ၂၀၁၆ ခုနှစ်မှာ ခရီးသွား ၃.၄ သိန်း ဝင်ရောက်ကာ ကော့သောင်းဒေသဟာ အများဆုံးဖြစ်ပြီး နှစ်စဉ်ကျဆင်းသွားတာ မရှိဘူးလို့ သိရပါတယ်။

သတင်း - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013