DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် မူးယစ်ဆေးများ ကျပ်သိန်း ၁၃၀၀ ကျော်တန်ဖိုး ဖမ်းဆီးရမိ
DVB
·
December 12, 2017
မြိတ်တွင် မူးယစ်ဆေးများ ကျပ်သိန်း ၁၃၀၀ ကျော်တန်ဖိုး ဖမ်းဆီးရမိ
Donate to DVB

 

တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စုမှာ ဒီဇင်ဘာ ၁၁ ရက်၊ ညနေပိုင်းက မူးယစ်စိတ်ကြွဆေးပြားနဲ့ ICE အမျိုးအစားမူးယစ်ဆေး ကျပ်သိန်း ၁၃၀၀ ကျော်ဖိုး ဖမ်းမိခဲ့တယ်လို့ မြိတ်မြို့မ ရဲစခန်း တာဝန်ရှိသူတဦးကပြောပါတယ်။

တောရကျောင်းရပ်ကွက်၊ ‌မြို့ပတ်(၂)လမ်းနေ အောင်သန်းစိုးရဲ့ နေအိမ်ကို သတင်းအရ ရှာဖွေရာမှာ အောင်သန်းစိုးနဲ့အတူ WY စိတ်ကြွဆေး ၂၆,၆၀၀ ပြားနဲ့ ICE အမျိုးအစား အဖြူရောင်အစိုင်အခဲ ၁၉ ဒဿမ ၅ ဂရမ်ခန့်ကို ဖမ်းဆီးရမိခဲ့တာပါ။

မူးယစ်ဆေး ရောင်းဝယ်ရာမှာအသုံးပြုတဲ့ ဖုန်း ၂ လုံး၊ TOYOTA WISH ,HONDA ODYSSEY နဲ့ HIJET ကား ၃ စီးကို သိမ်းဆည်းခဲ့ပါတယ်။

ကာလတန်ဖိုးအရ စိတ်ကြွဆေးပြားဟာ ကျပ်သိန်း ၁,၃၃၀၊ ICE ကတော့ ကျပ် ၇ သိန်း ၈ သောင်း ဖြစ်တယ်လို့ ရဲက ပြောပါတယ်။ မြိတ်မြို့မ ရဲစခန်းက အောင်သန်းစိုးကို မူးစိတ်ပုဒ်မ ၁၉ (က)နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013