DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုး​ရေး​ဇုန်​ကြောင့်​ အခက်​တွေ့​သူများ​ ​ဒေါ်​အောင်ဆန်း​စုကြည်ထံ တင်ပြ
DVB
·
April 19, 2012
Donate to DVB

ရန်ကုန်တိုင်း​အတွင်း​ အထူး​စိုက်ပျိုး​ရေး​ဇုန်​ကြောင့်​ အိမ်​ခြေမဲ့​မှာကို ရင်ဆိုင်ရသူ​တွေက ​ဒေါ်​အောင်ဆန်း​စုကြည်ထံ သွား​ရောက်အကူအညီ ​တောင်း​ခံခဲ့​ပါတယ်။

ဒဂုံအ​ရှေ့​ပိုင်း​မြို့​နယ်မှာ အစိုး​ရခွင့်​ပြုချက်နဲ့​ ​မြေကွက်ရပြီး​ကာမှ ​နေစရာ လက်လွတ်ဖြစ်ရမယ့်​အ​ရေး​ ရင်ဆိုင်​နေရတဲ့​ ဝန်ထမ်း​ဟောင်း​တွေဟာ သူတို့​ကိစ္စကို ကူညီ​ဖြေရှင်း​ပေး​ဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည်ထံ မ​နေ့​က သွား​ရောက် တင်ပြခဲ့​တာပါ။

တင်ပြရာမှာ ပါဝင်သူ ဝန်ထမ်း​ဟောင်း​ ဦး​အေး​မောင်က “မ​နေ့​က အန်အယ်လ်ဒီပါတီ​ပေါ့​နော် အ​မေစုနဲ့​ သွား​တွေ့​လိုက်တယ်။ ဒီကိစ္စကို အ​မေစုပါ ဝိုင်း​ဝန်း​ဆောင်ရွက်​ပေး​ဖို့​ သွား​ပြီး​မှ ​မေတ္တာရပ်ခံတယ်​လေ။ အ​မေစုကလည်း​ လိုလိုလား​လား​ လက်ခံပါတယ်။ ဒါ​တွေက လွန်ခဲ့​တဲ့​ ၉၅-၉၆ ​လောက်ကတည်း​က ဝန်ထမ်း​တွေကို တရား​ဝင် စာရွက်စာတမ်း​တွေနဲ့​ သက်ဆိုင်ရာ လူကြီး​တွေ လက်မှတ်ထိုး​ပြီး​ ချထား​ပေး​ပြီး​တော့​ အဲဒီကတည်း​က အိမ်ရာ​ဆောက်လုပ် ​နေထိုင်​နေတဲ့​ဟာကို ၇ လပိုင်း​ ၃ ရက်​နေ့​ကျမှ အမိန့်​ထုတ်ပြီး​တော့​မှ ကျူး​ကျော်ဆိုတဲ့​ အသုံး​အနှုန်း​ကို သုံး​ထား​တဲ့​ ကိစ္စ​ပေါ့​နော်။ အဲဒီကိစ္စ​လေး​နဲ့​ ဒါ ဥပ​ဒေအရ အာဏာကို အလွဲသုံး​စား​လုပ်တာ​ပေါ့​။ ဒါမျိုး​က​တော့​ မလုပ်သင့်​ဘူး​ပေါ့​။ ဒီလို မသုံး​သင့်​ဘူး​ပေါ့​။ ဒီကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ သက်ဆိုင်ရာကိုလည်း​ တင်ပြထား​တယ်​လေ အ​ရေး​ယူ​ဆောင်ရွက်​ပေး​ဖို့​ပေါ့​နော်။”

အစိုး​ရက ၁၉၉၅ ခုနှစ်​လောက်ကတည်း​က ​မြေကွက်တကွက်ကို ၁၂၀၀၀ ကျပ်နှုန်း​ သတ်မှတ်ပြီး​ ဝန်ထမ်း​တွေကို ​ပေး​နေခဲ့​တာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ပြီး​ခဲ့​တဲ့​ မတ်လပိုင်း​က အဲဒီ​နေရာ​တွေမှာ ကုမ္ပဏီ​တွေကို အထူး​ စိုက်ပျိုး​ လုပ်ကိုင်ခွင့်​ကို ချ​ပေး​ခဲ့​ပြီး​ ​နေထိုင်​နေသူ​တွေကို ဖယ်ရှား​ခိုင်း​ခဲ့​ပါတယ်။

သူတို့​ရဲ့​ ​မြေဟာ ​ပေါက်​ဈေး​အရ သိန်း​ ၃၀ ​ကျော် အနည်း​ဆုံး​တန်​ကြေး​ ရှိ​နေချိန်မှာ ဖယ်​ပေး​ခအဖြစ် ​မြေကွက်တခုကို နဂိုသွင်း​ဈေး​ ကျပ် ၁၂,၀၀၀ နှုန်း​နဲ့​သာ ပြန်​လျော်​ပေး​မယ့်​ အစီအစဉ်ဟာ တခြား​မှာ ​နေစရာခက်ခဲတဲ့​ အငြိမ်း​စား​ ဝန်ထမ်း​တွေအတွက် အခက်အခဲ ဖြစ်​စေခဲ့​ပါတယ်။

ဒါ​ကြောင့်​ သူတို့​တွေက လွှတ်​တော်မှာ​ရော၊​ အမျိုး​သား​လူ့​အခွင့်​ရေး​ ​ကော်မရှင်မှာပါ တိုင်တန်း​ အကူအညီ ​တောင်း​ပေမယ့်​ ဘာမှ မထူး​ခြား​ခဲ့​ပါဘူး​။ ဒါ​ကြောင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်ထံကို တင်ပြ အကူအညီ​တောင်း​တာလို့​ ဆိုပါတယ်။

သူတို့​တွေ အဲဒီ​နေရာက​နေ မဖယ်ရ​ရေး​ အတန်တန် တင်ပြ​နေတဲ့​ကြား​က အခုလ ၁၀ ရက်က ​ဆောက်လုပ်​ရေး​ဝန်ကြီး​ဌာနက ရန်ကုန်တိုင်း​ဝန်ကြီး​ချုပ်ထံ ​ပေး​ပို့​တဲ့​စာမှာ သူတို့​တွေကို ကျူး​ကျော်​နေထိုင်သူလို့​ သုံး​စွဲ​ခေါ်​ဝေါ်တာကို သိရှိပြီး​ မ​ကျေမနပ် ဖြစ်​နေကြပါတယ်။

အထူး​စိုက်ပျိုး​ရေး​ဇုန်စီမံချက်​ကြောင့်​ ဒဂုံအ​ရှေ့​ပိုင်း​မြို့​နယ်ထဲက ရပ်ကွက် ၁၁ ရပ်ကွက်က ​မြေကွက်​ပေါင်း​ ၇၅၀၀ ​လောက် အသိမ်း​ခံခဲ့​ရပြီး​တော့​ အိမ်​ပေါင်း​ ၄၀၀ ​ကျော်​လောက် ထိခိုက်ခဲ့​တယ်လို့​ ဆိုပါတယ်။ တချို့​မြေကွက် ၆၀ ​လောက်က​တော့​ သိမ်း​ယူတဲ့​သူ​တွေရဲ့​ လက်ထဲကို ​ရောက်သွား​ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013