DVB Logo
Home
မြန်မာသတင်း
ရေအန္တရာယ်ရှိသည့်နိုင်ငံတွင် မြန်မာပါဝင်နေ
DVB
·
December 12, 2017
ရေအန္တရာယ်ရှိသည့်နိုင်ငံတွင် မြန်မာပါဝင်နေ
Donate to DVB

 

ရေနဲ့ပတ်သက်တဲ့ အန္တရာယ်ဟာ တတိယမြောက် ကမ္ဘာ့အန္တရာယ်မှာ တည်ရှိနေပြီး  မြန်မာနိုင်ငံလည်း အန္တရာယ်ထဲမှာ ပါဝင်နေတယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်မှာ  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ တတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံမှာ ပြောခဲ့တာဖြစ်ပြီး နောက်ဆုံးအကြိမ် ကမ္ဘာ့စီးပွားရေးဖိုရမ်အရ အခုလို သိရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ငလျင်ဒဏ်တွေ မကြာခဏ ခံစားရလေ့ရှိပြီး၊ ရေနဲ့ ဆက်နွှယ်တဲ့ ပြင်းထန်တဲ့ ရာသီဥတုများဖြစ်တဲ့ ဆိုင်ကလုံးမုန်တိုင်းများ၊ ကာလရှည်ကြာ ရေလွှမ်းမိုးခြင်း၊ မိုးခေါင်ရေရှားခြင်းတို့ဟာ ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေတဲ့အပြင် မြေပြိုခြင်းကိုလည်း ဖြစ်ပေါ်စေတယ်။

ရေအရည်အသွေး ထိန်းသိမ်းမှုနဲ့ ရေဆိုးရေညစ် စီမံခန့်ခွဲမှုတို့ကလည်း ခြိမ်းခြောက်နေပြီး  ရေနဲ့သက်ဆိုင်တဲ့ ပြဿနာအများအပြား ရှိနေလို့ အခြားသော အာရှ-ပစိဖိတ် ဒေသရှိ နိုင်ငံများလိုပဲ စိန်ခေါ်မှုများကို ရင်ဆိုင်နေရတယ်လို့ ဒုသမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေအရင်းအမြစ်တွေကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့  လိုအပ်နေသလိုပဲ ရေနဲ့ဆက်နွှယ်တဲ့ ဝန်ကြီးဌာနများ စုပေါင်းဆုံးဖြတ်တဲ့ မူဘောင်တခု လိုနေပါတယ်။

ထိရောက်ကောင်းမွန်တဲ့ ရေသုံးစွဲမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ရေသိုလှောင်မှု၊ ဝန်ကြီးဌာနအလိုက် မျှတစွာ ရေခွှဲဝေသုံးစွဲမှု၊ ဖွံ့ဖြိုးပြီး ပြည်နယ်/တိုင်းဒေသကြီးများနဲ့ ဖွံ့ဖြိုးဆဲ ပြည်နယ်၊ တိုင်းဒေသကြီးများ မျှတမှန်ကန်တဲ့ ရေနဲ့ ဘတ်ဂျတ်ခွဲဝေသုံးစွဲမှုတို့ လုပ်ဆောင်ဖို့လည်း လိုအပ်နေပါတယ်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ်ရေညီလာခံကို အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံပေါင်း ၄၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ကြပြီး ဒီဇင်ဘာ ၁၁ မှ ၁၂ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။ ဒီညီလာခံအပြီးမှာ ရန်ကုန်ကြေညာချက်ကို ထုတ်ပြန်ကြေညာဖို့ရှိနေပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013