DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဘယ်ဆုရှင် တီမောသမ္မတဟောင်း ရာမို့စ်ဟော်တာနှင့်တွေ့ဆုံ
DVB
·
December 12, 2017
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဘယ်ဆုရှင် တီမောသမ္မတဟောင်း ရာမို့စ်ဟော်တာနှင့်တွေ့ဆုံ
Donate to DVB

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ရေညီလာခံ တက်ရောက်လာကြတဲ့ တီမောလက်စ်တေ၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့က ကိုယ်စားလှယ်တွေကို သီးခြားစီတွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။

တီမောလက်စ်တေနိုင်ငံ သမ္မတဟောင်း၊ ဝါရင့်ဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးအကြံပေး  ငြိမ်းချမ်းရေးနိုဘလ်ဆုရှင် ဟိုဆေးရာမို့စ် ဟော်တာ၊ ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးဝန်ကြီး ကီအိချီနဲ့ အိန္ဒိယနိုင်ငံ အိုးအိမ်နဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး သျှီဟာဒစ်ဆင်းဂ်ပူရီတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အဖွဲ့နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးအတွက် မြန်မာ- ဂျပန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့  စီမံကိန်းများနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံရာမှာတော့ နှစ်နိုင်ငံ  ရင်ဆိုင်နေရတဲ့ တူညီတဲ့  စိန်ခေါ်မှုများကို  ပူးပေါင်းဖြေရှင်းဖို့၊ နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနများ အချင်းချင်း ပိုမိုပူးပေါင်း ဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြ တယ်လို့ နိုင်ငံခြားရေးသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013