DVB Logo
Home
မြန်မာသတင်း
အခွင့်အရေး ချိုးဖောက်ခံရမှုများ တိုင်ကြားရန် လူ့အခွင့်အရေးကော်မရှင် ဖိတ်ခေါ်
DVB
·
December 12, 2017
အခွင့်အရေး ချိုးဖောက်ခံရမှုများ တိုင်ကြားရန် လူ့အခွင့်အရေးကော်မရှင် ဖိတ်ခေါ်
Donate to DVB

နိုင်ငံသားတဦးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ဖောက်ဖျက်ခံရတာ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးတွေ ဖောက်ဖျက်ခံရတာရှိရင် တိုင်ကြားကြဖို့  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဖိတ်ခေါ်လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ပါဝင်ချုပ်ဆိုထားတဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး သဘောတူစာချုပ် (CEDAW)၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC)၊  မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRPD)ပါ လူ့အခွင့်အရေးများကို ဖောက်ဖျက်ခံရပါကလည်း ကိုယ်တိုင်အတွက် ဒါမှမဟုတ် အခြားသူတဦးအတွက် ဒါမှမဟုတ်၊ လူတစုကို ကိုယ်စားပြု တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

တိုင်ကြားရာမှာ  ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အမှတ် (၂၇) ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ လိပ်မူပြီး မှတ်ပုံတင်စာနဲ့ ဖြစ်စေ၊ ကော်မရှင်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ တိုင်တန်းသူရဲ့ အမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ ထည့်သွင်းဖော်ပြရမှာပါ။

တိုင်တန်းသူဟာ မူလ အခွင့်အရေး ဘယ်လို ဖောက်ဖျက်ခံရကြောင်း အချက်အလက်တွေ၊ အမှုနဲ့သက်ဆိုင်တဲ့ အထောက်အထားတွေ ပူးတွဲလျက် ပြည့်စုံစွာ ဖော်ပြရမှာဖြစ်ပြီး  တိုင်တန်းချက်တွေ မှန်ကန်ကြောင်း ဝန်ခံချက် လက်မှတ်ရေးထိုး တိုင်ကြားရမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့  တိုင်တန်းချက်တွေကို စိစစ်ရာမှာ လိုအပ်ပါက တိုင်တန်းသူကို ခေါ်ယူ တွေ့ဆုံမေးမြန်းမယ်လို့လည်း သိရပါတယ်။

လူ့အခွင့်အရေးကော်မရှင်ထံကို ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း တိုင်တန်းချက်ပေါင်း ၉၀၀၀ ကျော် လက်ခံရရှိခဲ့တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013