DVB Logo
Home
မြန်မာသတင်း
ဦး​သိန်း​စိန်ရဲ့​ ဂျပန်ခရီး​စဉ်မှာ အ​ကြွေး​ယန်း​ငွေ ဘီလီယံ၃၀၀ ​ကျော် ​လျော်ပစ်ဖွယ်ရှိ
DVB
·
April 19, 2012
ဦး​သိန်း​စိန်ရဲ့​ ဂျပန်ခရီး​စဉ်မှာ အ​ကြွေး​ယန်း​ငွေ ဘီလီယံ၃၀၀ ​ကျော် ​လျော်ပစ်ဖွယ်ရှိ
Donate to DVB

သမ္မတ ဦး​သိန်း​စိန်ရဲ့​ ဧပြီ ၂၀ က​နေ ၂၄ ရက်အထိ ၅ ရက်ကြာ ဂျပန်ခရီး​စဉ်အတွင်း​ မြန်မာနိုင်ငံက ​ပေး​ရန်ရှိတဲ့​ အ​ကြွေး​ ယန်း​ငွေ ဘီလီယံ ၃၀၀ ​လောက်ကို ဂျပန်အစိုး​ရက ​လျော်​ပေး​ဖွယ် ရှိတယ်လို့​ ဂျပန်နိုင်ငံထုတ် အဆာဟိရှင်ဘွန်း​ သတင်း​စာမှာ ​ရေး​သား​ထား​ပါတယ်။

အဲဒီ​ငွေပမာဏဟာ အ​မေရိကန်​ဒေါ်လာ ၃ ဒဿမ ၇ ဘီလီယံနဲ့​ ညီမျှပါတယ်။ အ​ကြွေး​လျော်ပစ်မယ့်​ ကိစ္စကို လာမယ့်​ ဧပြီ ၂၁ ရက်​နေ့​ တိုကျိုမှာ မြန်မာသမ္မတ ဦး​သိန်း​စိန်နဲ့​ ဂျပန်ဝန်ကြီး​ချုပ် ယိုရှိဟီကိုနိုဒါတို့​ ​တွေ့​ဆုံတဲ့​အခါ တရား​ဝင် ​ကြေညာဖွယ်ရှိတယ်လို့​ သတင်း​ကဆိုပါတယ်။

ပထမအဆင့်​အ​နေနဲ့​ ဂျပန်ယမ်း​ငွေ ၁၂၇ ဒဿမ ၄ ဘီလီယံကို ​လျော်ပစ်မှာဖြစ်ပြီး​ ဒီမိုက​ရေစီ​ဖော်​ဆောင်မှု ဆက်လက်ဖြစ်​ပေါ်မယ့်​ အ​ခြေအ​နေ​ပေါ်မူတည်ပြီး​ ကျန်တဲ့​ ယန်း​ငွေ ၁၇၆ ဒဿမ ၁ ဘီလီယံကို ​လျော်ပစ်မယ်လို့​သတင်း​မှာ​ဖော်ပြပါတယ်။

အ​ကြွေး​တွေ ​လျှော့​ပေး​ပြီး​တဲ့​နောက်မှာ မြန်မာကို ဂျပန်အစိုး​ရရဲ့​ အကူအညီ​ပေး​ရေး​ အစီအစဉ်​တွေကို ပြန်စဖို့​ ရှိတယ်လို့​ ဂျပန်သတင်း​စာ​တွေမှာ ​ရေး​ပါတယ်။

ဂျပန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ကိုအီချီရို ဂမ်ဘက​တော့​ မြန်မာနိုင်ငံရဲ့​ ဒီမိုက​ရေစီခရီး​ကို ကူညီ​ပေး​တဲ့​အ​နေနဲ့​ ဖွံ့​ဖြိုး​ရေး​အကူအညီ​တွေ ပြန်​ပေး​ဖို့​ အစီစဉ်ရှိတယ်လို့​ ပြီး​ခဲ့​တဲ့​ ​ဖေ​ဖော်ဝါရီလက ​ပြောကြား​ခဲ့​ဖူး​ပါတယ်။

ဂျပန်အစိုး​ရဟာ ကုလသမဂ္ဂ ​အေဂျင်စီ​တွေက​နေတဆင့်​ မြန်မာနိုင်ငံက လူမျိုး​စုတိုင်း​ရင်း​သား​တွေအတွက် အ​မေရိကန်​ဒေါ်လာ ၁၂ ဒဿမ ၂ရသန်း​နဲ့​ ညီမျှတဲ့​ ဂျပန်ယန်း​ငွေ ၁ ဘီလီယံ ကူညီဖို့​ ​ကြေညာဖွယ်ရှိတယ်လို့​ ခုလဆန်း​ပိုင်း​က သတင်း​တွေ ထွက်​ပေါ်ခဲ့​ပါတယ်။

သမ္မတဦး​သိန်း​စိန်ဟာ ဒီခရီး​စဉ်အတွင်း​မှာ ဂျပန်နဲ့​ မဲ​ခေါင်​ဒေသတွင်း​ နိုင်ငံ​တွေက ​ခေါင်း​ဆောင်​တွေရဲ့​ ထိပ်သီး​ အစည်း​အ​ဝေး​ပွဲကိုလည်း​ တက်​ရောက်မှာဖြစ်ပြီး​ ဂျပန် စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေနဲ့​လည်း​ ​တွေ့​ဆုံဖို့​ရှိ​ကြောင်း​ တိုကျိုကလာတဲ့​ သတင်း​တွေမှာ ​ဖော်ပြထား​ပါတယ်။

သမ္မတ ဦး​သိန်း​စိန်ဟာ ၂၀၀၉ ခုနှစ်က ဝန်ကြီး​ချုပ်အဖြစ် ဂျပန်နိုင်ငံကို သွား​ရောက်ခဲ့​ဖူး​ပြီး​ ခုတကြိမ်က​တော့​ မြန်မာနိုင်ငံရဲ့​ နိုင်ငံအကြီး​အကဲအဖြစ် ပထမဆုံး​ သွား​ရောက်တဲ့​ ခရီး​စဉ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013