DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ဖုန်းဆိုင်ဖောက်ထွင်းရေးသမား ၁ဦးကို လက်ရဖမ်းမိ
DVB
·
December 11, 2017
မုံရွာတွင် ဖုန်းဆိုင်ဖောက်ထွင်းရေးသမား ၁ဦးကို လက်ရဖမ်းမိ
Donate to DVB

မုံရွာမြို့မှာ ဒီကနေ့မနက်က ဖောက်ထွင်းရေးသမားတဦးကို တယ်လီဖုန်းဆိုင် ဖောက်ထွင်းနေစဉ် လက်ရဖမ်းဆီးခဲ့ပါတယ်။

အက်တောရပ်ကွက် (ခေါ်) ပြည်တော်သာရပ်ကွက် မောင်းခမ်းဘုန်းကြီးကျောင်းအနီးနေ ကိုမိုးမင်းက လယ်ရပ်ကွက် ကျောက္ကာလမ်းမှာရှိတဲ့ ဒေါက်တာဖုန်း အမည်ရှိ ဖုန်းအရောင်းဆိုင်ရဲ့ တံခါးတွေကို ဖောက်ထွင်းဖျက်ဆီးနေစဉ်မှာ ရပ်ကွက်သားတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ၀ိုင်းဝန်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျင်စိန်က “လက်သမား လုပ်ငန်းသုံး တူ၊ သံတူရွင်း၊ သော့မျိုးစုံအတွဲကြီး တစ်တွဲနဲ့ ခိုးရာပါ သက်သေခံ ပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိတာပါ”လို့ ပြောပါတယ်။

ဖောက်ထွင်းရေးသမား ကိုမိုးမင်းဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ရန်ကင်းရပ်ကွက် ကျောက္ကာလမ်းမှာ ရှိတဲ့ မိုလ်ဘိုင်းဝမ်း ဖုန်းအရောင်းဆိုင်ကို ဖောက်ထွင်းခဲ့သူဖြစ်တယ်ဆိုတာ စစ်ဆေးပေါ်ပေါက်တယ်လို့ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန်းဝင်းက ပြောပါတယ်။

“ကနဦး စစ်ဆေးပေါ်ပေါက်ချက်များအရ စက်တင်ဘာ ၉ ရက်နေ့က မိုလ်ဘိုင်းဝမ်း ဖုန်းဆိုင် ဖောက်ထွင်းခံရမှုနဲ့ ပတ်သက်ပြီး သက်သေခံဖြစ်တဲ့ ခိုးရာပါ ပစ္စည်း ဖုန်းလေးလုံးကို အလတ်တလော ပြန်လည်သိမ်းဆီးရရှိထားပါတယ်” ပြောပါတယ်။

ဖောက်ထွင်းတရားခံကို မုံရွာနယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ-၃၈၀ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ကိုတိုးကြီး(မုံရွာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013