DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာချုပ်တို့နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းအဖြေရှာလို
DVB
·
December 11, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာချုပ်တို့နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းအဖြေရှာလို
Donate to DVB

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ UNFC ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံပြီး ညှိနှိုင်းအဖြေရှာနိုင်ဖို့အတွက် ကြိုးပမ်းနေတယ်လို့  တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)က ကြေညာပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဓိက အရင်းခံပြဿနာမှာ နိုင်ငံရေးပြဿနာဖြစ်တာ ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ညှိနှိုင်းအဖြေရှာနိုင်ရေး ဆက်လက်ကြိုးပမ်း သွားမယ်လို့လည်း UNFC  ကြေညာချက်မှာဖော်ပြပါတယ်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး  အန်စီအေ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းထားတဲ့ UNFC အဖွဲ့က ဒီဇင်ဘာ ၁၁ ရက်စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်တာပါ။

UNFCရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ဟာ အန်အယ်လ်ဒီ အစိုးရ တက်လာပြီးနောက် အန်စီအေ လမ်းကြောင်းပေါ်မှာ တွေ့ဆုံဆွေးနွေး လာခဲ့တာ တနှစ်ခွဲလောက်ရှိနေပြီဖြစ်ပေမယ့်  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ် မထိုးနိုင်သေးဘဲ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့မတိုးနောက်မဆုတ် အခြေအနေဖြစ်နေတာပါ။

UNFC အဆိုပြုထားတဲ့ အဆိုပြုချက်(၉)ချက်နဲ့  ပတ်သက်ပြီးလည်း ကျန်ရှိနေတဲ့ အချက်တွေကို   DPN နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့အကြား ရန်ကုန်မှာ န၀မ အကြိမ်မြောက် အစည်းအဝေးကျင်းပဖို့  နိုဝင်ဘာ ၁၆ ရက်က စီစဉ်ခဲ့ပေမယ့် ကျင်းပနိုင်ခြင်း မရှိဘဲ အလွတ်သဘောသာ တွေ့ဆုံညှိနှိုင်းနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013