DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 11, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၂,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ငွေကျပ် ၅၄,၀၀၀ ကနေ ၅၅,၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၂,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံ
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံက ၁ အိတ်ကို ငွေကျပ် ၃၆,၉၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၅,၅၀၀ ကျပ်ကနေ ငွေကျပ် ၃၆,၀၀၀ ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၁,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ
ရန်ကုန်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက တစ်အိတ်ကို ၇၉,၈၀၀ ကျပ်ကနေ ငွေကျပ် ၉၂,၁၀၀ ပေါက်ဈေးရှိနေပြီး မန္တလေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၈၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၀,၀၀၀ ပေါက်ဈေး ရှိပါတယ်။ ၁ အိတ်ကို ၆,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

ပြောင်းဆံ
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပြောင်းဆံက ၁ အိတ်ကို ၂၇,၈၀၀ ကျပ်ကနေ ငွေကျပ် ၂၈,၇၀၀ ပေါက်ဈေးရှိနေပြီး ပြောင်းဆံ အများဆုံး ဝင်တဲ့ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၁,၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ ၁ အိတ်ကို ၄,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာ စားအုန်းဆီက ၁ ပိဿာကို ၁,၇၅၀ ကျပ်ကနေ ၁,၇၆၀ ကျပ် ပေါက်ဈေးရှိနေပြီး မုံရွာကုန်စည်ဒိုင်မှာတေ့ ၁ ပိဿာကို ၁,၇၇၀ ကျပ်ကနေ ၁,၇၉၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ ၁ ပိဿာကို ၃၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
စီပီပြောင်း အဓိကထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှတော့ ၁ အိတ်ကို ၂၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၄,၈၀၀ ပေါက်ဈေး ရှိနေပြီး မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ စီပီပြောင်းက ၁ အိတ်ကို ၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၄,၀၀၀ ပေါက်ဈေး ရှိပါတယ်။ လားရှိုးနဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၄,၀၀၀ ကျပ်လောက် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013