DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ခိုးယူသည့် ၁၀ တန်းကျောင်းသား ၇ ဦးကိုဖမ်းမိ
DVB
·
December 11, 2017
အင်းတော်တွင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ခိုးယူသည့် ၁၀ တန်းကျောင်းသား ၇ ဦးကိုဖမ်းမိ
Donate to DVB

 

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်ရှိ အကယ်ဒမီလင့်ခ်ဖုန်းဆိုင် ဒီဇင်ဘာ ၁၀ ရက် မနက် ၁ နာရီအချိန် အကယ်ဒမီလင့်ခ်ဖုန်းဆိုင် ဖောက်ထွင်းခိုးယူခံရပြီး ၂၄ နာရီအတွင်း ခိုးယူခံရတဲ့ ဖုန်းတွေနဲ့ အတူ (၁၀) တန်းကျောင်းသား ၇ ဦးကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။

သတင်းပေးချက်အရ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ ဥယျာဉ်မှူး ဘော်ဒါဆောင်သို့ သွားရောက်စစ်ဆေးစဉ် အဆောင်နေ ၁၀ တန်းကျောင်းသား ၇ ဦးထံမှ ၄င်းတို့ခိုးယူခဲ့တဲ့ ဖုန်းတွေနဲ့အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။

အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက “မောင်ဝေယံဦးနဲ့ မောင်အောင်စည်သူ တို့ဟာ ဒီဇင်ဘာ ၂ ရက် ညနေ ၄ နာရီ ၄၄ မိနစ်အချိန် အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက် သမာဓိရွှေဆိုင်မှ ဂတ်စ်ဗူးအား ဝယ်ယူခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နေ့တွင် ကမ္ဘာသစ်ဖုန်းဆိုင်ရှိ သော့ ၃ လုံးကို ဂတ်စ်မီးနဲ့ ဖောက်ထွင်းခဲ့တာပါ။ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်  ၁ နာရီအချိန်မှာ အကယ်ဒမီလင့်ခ် ဖုန်းဆိုင်ရှိသော့ ၄ လုံးကို ဖျက်ဆီးကာ ဖုန်း ၂၃ လုံးနဲ့ ဆက်စပ်ပစ္စည်း ကာလတန်ဘိုးကျပ်သိန်း ၃,၈၃၂,၀၀၀ ကို ဖောက်ထွင်းခိုးယူခဲ့တာဖြစ်တယ်” လို့ ပြောပါတယ်။

ဖုန်းဆိုင်ဖောက်ထွင်းခိုးယူမှုနဲ့ လူငယ်တွေကို အင်းတော်မြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အရေးယူထားပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013