ရေအရင်းအမြစ်ဖွံ့ဖြိုးရေး လာရောက်ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာကို တိုက်တွန်း
စိုးမိုးအောင်
·
December 11, 2017

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရေအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို အကူအညီပေးဖို့နဲ့ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတကာကို တိုက်တွန်းလိုက်တယ်လို့ မြန်မာနိုင်ငံအမျိုးသားရေအရင်းအမြစ် စီမံခန့်ခွဲရေး ကော်မတီအကြံပေး ဒေါက်တာခင်မောင်လွင်ကပြောပါတယ်။
“ဒါဟာ အင်မတန်မှ အရေးကြီးတဲ့ကိစ္စပါပဲ။ နောက်ပြီးတော့ ကျနော်တို့ ဗွီဒီယိုမှာ ပြသွားတဲ့အတိုင်း မြန်မာပြည်မှာ ရေနဲ့ပတ်သက်လို့ အားသာချက်လည်းရှိတယ်။ အားနည်းချက်လည်း ရှိတယ်။ ထိခိုက်နိုင်တဲ့ အန္တရာယ်လည်း အများကြီးရှိတယ်။ နောက်ပြီးတော့ မမျှော်မှန်းနိုင်တဲ့ ကိစ္စတွေ လည်း ရှိတယ်ဆိုတော့ သူ့အနေနဲ့က မြန်မာနိုင်ငံရဲ့ ရေဖွံ့ဖြိုးရေးဘက်မှာ နိုင်ငံတကာက ဝိုင်းပြီးပူးပေါင်းဆောင်ရွက်ဖို့၊ ရင်းနှီးမြှုပ်နှံဖို့ သူတိုက်တွန်းသွားတာ ကျနော်ကြားလိုက်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာကို ပြောကြားတာနဲ့ပတ်သက်လို့ ဒေါက်တာခင်မောင်လွင်က ပြောပါတယ်။
တတိယအကြိမ်မြောက် အာရှဖစိဖိတ် ရေအရင်အမြစ် ညီလာခံ Asia-Pacific Water Summit Yangon Myanmar 2017 ကို ဒီဇင်ဘာ ၁၁ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။
ဒီညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည်၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ နိုရူသမ္မတ၊ ဂျပန် Water Fourm က ဒုဥက္ကဋ္ဌနဲ့ အစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။
အာရှ-ပစိဖိတ် ရေအရင်းအမြစ် ညီလာခံကို နိုင်ငံပေါင်း ၄၈ နိုင်ငံက နိုင်ငံတော်သမ္မတွေ၊ ဝန်ကြီးတွေနဲ့ ပညာရှင်တွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ရေအရင်းအမြစ်ဟာ ကမ္ဘာ့အဆင့် အာရုံစိုက်ပြီးလုပ်ရမှာဖြစ်တဲ့အတွက် ဆွေးနွေးကနေ လှုံ့ဆော်တာဖြစ်ပြီး ရရှိတဲ့ဆွေးနွေးမှုတွေ ကို ကမ္ဘာ့အဆင့်အထိ လာမယ့်နှစ်မှာ တင်ပြသွားမယ်လို့ ဒေါက်တာခင်မောင်လွင်ကပါတယ်။