DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
ရာဘာစိုက်ခင်း​စီမံချက် မလိဝမ်း​ရေတံခွန်ညစ်နွမ်း
DVB
·
April 19, 2012
ရာဘာစိုက်ခင်း​စီမံချက် မလိဝမ်း​ရေတံခွန်ညစ်နွမ်း
1 / 2
Donate to DVB

တနင်္သာရီတိုင်း​ဒေသကြီး​ ​ကော့​သောင်း​မြို့​မှာ ​ရော်ဘာစိုက်ခင်း​တခုက ထွက်​ပေါ်လာတဲ့​ ဆိုး​ကျိုး​တွေ​ကြောင့်​ အနိမ့်​ပိုင်း​ဒေသရပ်ကွက်​တွေမှာ ​ရေမသန့်​ရှင်း​မှုနဲ့​ ကြုံ​တွေ့​နေကြရပါတယ်။

[caption id="attachment_24275" align="alignleft" width="213" caption="(photo-nld kawthaung)"][/caption]

ကော့​သောင်း​မြို့​ မလိဝမ်း​ရွာမှာ မလိဝမ်း​ရေတံခွန်အထက်ပိုင်း​မှာ TZK အမည်ရှိ ​ရော်ဘာကုမ္ပဏီဟာ ​ရော်ဘာဧက ၇၀၀၀ ​ထောင်ကို စိုက်ပျိုး​လုပ်ကိုင်​နေတာ ဖြစ်ပြီး​ အဲဒီက​နေ စွန့်​ပစ်ပစ္စည်း​တွေ​ကြောင့်​ ​ရေတံခွန်ကျဆင်း​တဲ့​ ​ရေကိုညစ်ညမ်း​ ​စေပြီး​ ​သောက်​ရေနဲ့​ သုံး​ရေ မှီခိုသူ​တွေကို အခက်​တွေ့​နေတာပါ။

မလိဝမ်း​ရေတံခွန်ဟာ လူအများ​အပန်း​ဖြေ​လေ့​ရှိတဲ့​ ​ကော့​သောင်း​မြို့​ရဲ့​ အထင်ကရ ​နေရာတခုဖြစ်ပြီး​ ​ရေတံခွန်က ကျဆင်း​တဲ့​ ​ရေကို ​သောက်​ရေသုံး​ရေ အဖြစ် သုံး​စွဲကြပါတယ်။ အခု​တော့​ ဒီ​ရော်ဘာစီမံချက် ၁ နှစ်​ကျော် ကြာလာတဲ့​အခါမှာ​တော့​ အဲဒီ​ရေဟာ ညစ်နွမ်း​ပြီး​ ​သောက်သုံး​မရဖြစ်ခဲ့​တယ်လို့​ ရွာသား​တွေက ​ပြောပြပါတယ်။

ရွာသား​တဦး​က “အညစ်အ​ကြေး​တွေကို စွန့်​ပစ်တာ​ပေါ့​။ ​နောက် ဘူဒိုဇာ​တွေနဲ့​ တူး​ဆွထား​တဲ့​ ​မြေ​တွေကိုလည်း​ ​ရေတံခွန်​ရေထဲကို ပစ်ချလိုက်တယ်။ အဲ့​တော့​ ​ရေတံခွန်က လုံး​ဝ သုံး​လို့​မရ​တော့​ဘူး​။ ဆိုး​တာက ​ရေတံခွန်က ​ကော့​သောင်း​မှာ အထင်ကရ​နေရာ။ အများ​ပြည်သူ အပန်း​ဖြေတဲ့​နေရာ။ သင်္ကြန်ဆိုလည်း​ စည်တဲ့​နေရာ။ အခု သင်္ကြန်မှာလည်း​ သုံး​လို့​ မရ​တော့​ဘူး​။ ပြီး​တော့​ ​ရေတံခွန်ကို မှီခို​နေတဲ့​ ပရဟိတ ဘုန်း​ကြီး​ကျောင်း​ ရှိတယ်ဗျ။ ​သောက်​ရေသုံး​ရေအတွက် မြို့​သစ် ရပ်ကွက်​တွေကလည်း​ မှီခို​နေရ​တော့​ အခု​တော့​ အဆင်မ​ပြေ ဖြစ်ကုန်တာ​ပေါ့​။”

ကုမ္ပဏီမှ ဝန်ထမ်း​တွေကို မလိဝမ်း​ကျေး​ရွာ အထက်ပိုင်း​ မလိဝမ်း​ရေတံခွန်သို့​ စီး​ဆင်း​ရာ စမ်း​ချောင်း​ တ​လျှောက်မှာ ​နေရာများ​ချထား​ပေး​ပြီး​ သန့်​ရှင်း​မှုကို အ​လေး​မထား​ဘဲ အညစ်အ​ကြေး​တွေကို စမ်း​ချောင်း​ အတွင်း​သို့​ စွန့်​ပစ်ခြင်း​၊​ ​ပေါင်း​သတ်၊​ မြက်သတ်​ဆေး​ သုံး​စွဲရာမှ သစ်ပင်ကြီး​များ​ကို ခုတ်ထွင်ရှင်း​လင်း​ ကြတာ​ကြောင့်​ ​ရေတံခွန်ဆီကို စီး​ဆင်း​ရာ စမ်း​ချောင်း​တွေ ခန်း​ခြောက်တာ စတဲ့​ ​နောက်ဆက်တွဲ ဆိုး​ကျိုး​တွေ ဆက်ဖြစ်​နေတယ်လို့​ ဆိုပါတယ်။

ရေတံခွန်​အောက်ဘက်မှာ မိဘမဲ့​က​လေး​တွေကို စာသင်​ပေး​နေတဲ့​ ပရဟိတ ဘုန်း​ကြီး​ကျောင်း​တ​ကျောင်း​နဲ့​ အိမ်​ခြေ ရဝခန့်​ ရှိတဲ့​ မလိဝမ်း​ကွက်သစ် ​ကျေး​ရွာက အဲဒီ​ရေကို သုံး​စွဲ​နေတာဖြစ်ပြီး​ အခက်အခဲကြုံ​နေရတယ်လို့​ ရွာသား​တဦး​က ခုလို ​ပြောပါတယ်။

“ကျ​နော်တို့​ ဒီရွာက ​လော​လောဆယ်​တော့​ ​သောက်ဖို့​မ​ပြောနဲ့​ လုံး​ဝ သုံး​မရတဲ့​ အ​နေအထား​ ဖြစ်​နေပါတယ်။ ဟိုတန်း​က ​ရေက ကြည်စိမ့်​ပြီး​ ​သောက်လို့​လည်း​ ​ကောင်း​၊​ ချိုး​လို့​လည်း​ကောင်း​၊​ သုံး​လည်း​ကောင်း​တယ်။ အခု ပိုး​သတ်​ဆေး​၊​ မြက်သတ်​ဆေး​ ဒီ​ချောင်း​ထဲပဲ ​ဆေး​ချ​တော့​ ရွှံ့​ရေ​တွေ ဖြစ်သွား​တယ်။”

ကုမ္ပဏီက ဒီကိစ္စကို ​ပြေလည်​အောင် ​ဖြေရှင်း​ပေး​ဖို့​ အများ​ပြည်သူထံက​နေ လက်မှတ်​ကောက်ခံ ​တောင်း​ဆိုဖို့​ ကြိုး​ပမ်း​ဆောင်ရွက်​နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013