DVB Logo
Home
မြန်မာသတင်း
ရခိုင်​ပြည်​နယ်​နေ မျိုးနွယ်​စုဝင်​​များသဟဇာတဖြစ်​​ရေး ဆွေး​နွေး
DVB
·
December 11, 2017
ရခိုင်​ပြည်​နယ်​နေ မျိုးနွယ်​စုဝင်​​များသဟဇာတဖြစ်​​ရေး ဆွေး​နွေး
Donate to DVB

 

ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်တွေအကြား သဟဇာတ ဖြစ်စေဖို့နဲ့ လူမှုဆက်သွယ်ရေးကွန်ရက်တိုးတက်လာစေရန်ရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲတရပ်ကို စစ်တွေမြို့က စစ်တွေဟိုတယ်မှာ ဒီကနေ့စတင်ကျင်းပပါတယ်။

၂ရက်ကြာ ဒီဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်အတွင်း မှီတင်နေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ အခက်အခဲတွေကို မျိုးနွယ်စုအလိုက် တင်ပြဆွေးနွေးကြသလို တိုင်းရင်းသားမျိုးနွယ်စုတွေအရေအတွက် ဘယ်လောက်ရှိကြောင်း စာရင်းကောက်ယူပြုစုတာတွေလည်း လုပ်ဆောင်ကြပါတယ်။

ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေကတော့  ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားတွေ တည်ငြိမ်အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး တိုင်းရင်းသားတွေရဲ့ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်နေတာတွေကို ပြောကြားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ရခိုင်မျိုးနွယ်စုတွေဖြစ်ကြတဲ့ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်(ဆက္ကမ)၊ မရမာကြီး၊ အရှိုချင်းတို့ တက်ရောက်ဆွေးနွေးကြပြီး အရပ်ဖက်လူမှုအဖွဲ့အစည်း ၆ ဖွဲ့က တက်ရောက် ဆွေးနွေးကြပါတယ်။

သတင်း  - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013