DVB Logo
Home
မြန်မာသတင်း
မာလ်တီမီဒီယာ အကယ်ဒမီသတင်းစာပညာသင်တန်း စလျှောက်နိုင်
DVB
·
December 11, 2017
မာလ်တီမီဒီယာ အကယ်ဒမီသတင်းစာပညာသင်တန်း စလျှောက်နိုင်
Donate to DVB

ချင်းမိုင်တက္ကသိုလ်နဲ့ ဒီဗွီဘီမီဒီယာတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်မယ့်  မာလ်တီမီဒီယာ အကယ်ဒမီ သတင်းစာပညာသင်တန်းအတွက် စတင်လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

သင်တန်းကာလ- သင်တန်းကာလ ၃ လ ကြာမြင့်မှာပါ။ ချင်းမိုင်တက္ကသိုလ်မှာ ရက်သတ္တပတ် ၂ ပတ် ဦးစွာသွားရောက် သင်ကြားရမှာ ဖြစ်ပါတယ်။ ရက်သတ္တပတ် ၈ ပတ်ကို ရန်ကုန်မှာ ဆက်လက်သင်ယူရမှာ ဖြစ်ပါတယ်။

သင်တန်းကြေး - ဒေါ်လာ ၂၀၀၀ ဖြစ်ပါတယ်။ လျှောက်ထားလိုသူများအနေဖြင့် သင်တန်းကြေးကို အရစ်ကျ ပေးသွင်းနိုင်ပါတယ်။ (သင်တန်းကြေးတွင် ချင်းမိုင်တက္ကသိုလ်အနီးရှိ Green Nimman Chiang Mai Residence တွင် နေထိုင်ခွင့်နှင့် လေယာဉ်လက်မှတ် ကုန်ကျစရိတ်၊ သင်တန်းကာလ ၃ လ အတွင်း ခရီးသွားလာမှုနှင့် နေ့လယ်စာ စီစဉ်ထားရှိမှုတို့ ပါဝင်ပြီး ဖြစ်သည်။)

သင်တန်းသားရွေးချယ်မှု - သင်တန်း တက်ရောက်လိုသူများအနေဖြင့် အနိမ့်ဆုံး အခြေခံပညာအထက်တန်း ပြီးဆုံးရမည်ဖြစ်ပြီး သတင်းစာပညာကို စိတ်ဝင်စားသူများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်လိုသူများကို ဦးစားပေး ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

သင်တန်းတက်ရောက် လျှောက်ထားလိုသူတွေအနေနဲ့ အောက်ပါ လင့်ခ်ကနေ လျှောက်လွှာများ ရယူနိုင်ပါပြီ။

https://www.sendspace.com/pro/dl/0hpx9e

လျှောက်လွှာပိတ်မည့်နေ့ - ၁၂ ဇန်န၀ါရီ ၂၀၁၈

[email protected] မေးလ်လိပ်စာကိုလည်း ဆက်သွယ်ပြီးလည်း လျှောက်လွှာနဲ့အတူ သင်တန်း လက်ကမ်းစာစောင်များ ရယူနိုင်ပါပြီ။

 

သင်တန်း နောက်ခံအချက်အလက်များ

၃ လ ကြာမြင့်မယ့် သင်တန်းကို ချင်းမိုင်မြို့-ရန်ကုန်မြို့၊ သင်တန်းနေရာ ၂ နေရာ ခွဲ ဖွင့်လှစ် သင်ကြားသွားမှာပါ။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သီတင်းပတ် ၂ ပတ်နဲ့ ရန်ကုန်မြို့တွင် သီတင်းပတ် ၈ ပတ် သင်ကြားရမှာ ဖြစ်ပါတယ်။

ချင်းမိုင်မြို့ သင်တန်းကာလအတွင်းမှာလည်း ထိုင်းနိုင်ငံ အခြေစိုက် ရုပ်သံလိုင်းတွေဖြစ်တဲ့ WE TV၊ Ch 7 နဲ့ NBT (National Braodcasting Services of Thailand) သတင်းဌာနတွေကို Media Visit ခရီး သွားရောက် လေ့လာခွင့် ရရှိပါမယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်ရှိ စာကြည့်တိုက် အသုံးပြုခွင့်၊ အင်တာနက် အသုံးပြုခွင့်နဲ့ အသံလွှင့် ရေဒီယိုဌာန အသုံးပြုခွင့် စတာတွေလည်း ရရှိမှာပါ။

သင်ရိုးညွှန်းတမ်းများကို ပြည်တွင်းမှ သတင်းစာဆရာများသာမကဘဲ ပြည်ပမှ သတင်းစာဆရာများပါ လာရောက် သင်ကြား ပြသပေးမှာ ဖြစ်ပါတယ်။ ကျောင်းသားများအနေနဲ့ စာတွေ့သာမက လက်တွေ့ပိုင်းကိုပါ ကင်မရာ၊ ကွန်ပျူတာ စသည်ဖြင့် သင်ရိုးအထောက်အကူပြု အစုံအလင်ဖြင့် သင်ကြားခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အပတ်စဉ်တိုင်းမှာ ကဏ္ဍအစုံ နယ်ပယ်အစုံမှ သတင်းစာပညာရှင်များရဲ့ ဟောပြောပို့ချမှု အထူး အစီအစဉ်တွေ ပါဝင်မှာလည်း ဖြစ်ပါတယ်။

နာရီပေါင်း ၃၀၀ ကြာမြင့်မယ့် သင်တန်းပြီးဆုံးတဲ့အခါ ချင်းမိုင်တက္ကသိုလ် ‘Faculty of Mass Communication’ ဌာနက ပေးအပ်မယ့် Certificate လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013