DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်တွင် စိတ်ကြွဆေးပြား ၉၅၀၀၀ သိမ်းဆည်းရမိ
DVB
·
December 11, 2017
မောင်တောမြို့နယ်တွင် စိတ်ကြွဆေးပြား ၉၅၀၀၀ သိမ်းဆည်းရမိ
Donate to DVB

 

မောင်တောမြို့နယ်မြောက်ပိုင်း ငခူရရွာမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက လူမနေတဲ့ အိမ်တလုံးထဲမှာ WY နဲ့ R စာတမ်းပါ စိတ်ကြွဆေးပြား ၉၅၀၀၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က သိရပါတယ်။

“အဓိကကတော့ တဖက်နိုင်ငံက မသင်္ကာစရာ လူတွေဝင်လာတာရှိ မရှိ အဖွဲ့နဲ့ လိုက်စစ်ဆေးတာပါ။ အိမ်တွေကို စစ်ရင်းနဲ့ အလယ်ရွာက ဆွေယော့ဟူဆိန်း ရဲ့အိမ်မှာ တွေ့တာပါ။ ဆေးပြား ၉၅၀၀၀ ပါ” လို့ ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။

ဆေးပြားတွေကို အိမ်ထဲက ဆန်ပုတ်ထဲမှာ ဝှက်ထားတာ တွေ့ရပေမယ့် အဲ့ဒီအိမ်မှာ လူနေထိုင်တာ မရှိဘူးလို့လည်း သိရပါတယ်။

သိမ်းဆည်းရမိတဲ့ ဆေးပြားတွေဟာ WY နဲ့ R တံဆိပ်ပါ ဆေးပြားတွေဖြစ်ပြီး အရေအတွက် ၉၅ဝဝဝ ပြား၊ ဒေသပေါက်ဈေးနဲ့ ကျပ်သိန်း ၁၉၀၀ ဖိုး ရှိပါတယ်။ အမှုကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က စစ်ဆေးအရေးယူသွားမယ်လို့ သိရပါတယ်။

ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013