DVB Logo
Home
မြန်မာသတင်း
စီးပွားဖွံ့ဖြိုးတိုးတက်ရန် အစိုးရနှင့် ကုန်သည်အသင်းချုပ်တို့ နီးနီးကပ်ကပ် လက်တွဲလုပ်မည်
DVB
·
December 11, 2017
စီးပွားဖွံ့ဖြိုးတိုးတက်ရန် အစိုးရနှင့် ကုန်သည်အသင်းချုပ်တို့ နီးနီးကပ်ကပ် လက်တွဲလုပ်မည်
Donate to DVB

 

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရနဲ့ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားဖို့ အပါအ၀င် ကုန်သည်စက်မှုအသင်းချုပ်ညီလာခံကနေ ဆုံးဖြတ်ချက် ၁၇ခု ချမှတ်နိုင်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၉ ရက်မှာ ကျင်းပခဲ့တဲ့ ကုန်သည်စက်မှုအသင်းချုပ်ညီလာခံမှာ ဆုံးဖြတ်ခဲ့ ကြတာဖြစ်ပြီး  ညီလာခံကို မြန်မာနိုင်ငံအနှံ့အပြားက  ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်  ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းအားလုံးအကျိုးရှိမယ့် ဖွံ့ဖြိုးတိုးတက်မှုရှိစေမယ့် ညီနောင်အသင်းတွေ၊ အသင်းဝင်တွေ အားလုံးနဲ့ ပိုပြီး နီးနီးကပ်ကပ် လုပ်ဆောင်ကြဖို့၊ ညီနောင်အသင်းတွေအနေနဲ့ တိုင်းနဲ့ပြည်နယ်အစိုးရနဲ့ ပိုပြီး နီးနီးကပ်ကပ်ချိတ်ဆက်လုပ်ဆောင်ပြီး ယုံကြည်မှု တည်ဆောက်ရေးအားပေးဖို့ စတဲ့အချက်တွေလည်း သဘောတူဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေ လျင်မြန်ချောမွေ့စွာ လုပ်ဆောင်နိုင်ဖို့ အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းပြီး ဘဏ္ဍာရေးကဏ္ဍ အဆင့်မြှင့်တင်ဖို့ဆိုတဲ့ အချက်လည်း သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။

အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “လုပ်ငန်း (၁၇) ရပ်ကို အဓိကအားဖြင့် ပုဂ္ဂလိက ကဏ္ဍအသင်းအဖွဲ့တွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ စီးပွားရေးလုပ်ငန်းတွေ အားကောင်း ခိုင်မာရေးနဲ့ ဆက်သွယ်ပေါင်းစည်းမှုတွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုပြီး  ကဏ္ဍသုံးရပ် ခွဲခြားနိုင်တယ်။ ဒါတွေကို  ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အသင်းချုပ်အနေနဲ့  ညီနောင် အသင်းများနဲ့ လက်တွဲဆောင်ရွက်မယ်” လို့ ပြောပါတယ်။

စီးပွားရေးဖွံ့ဖြိုးအောင်လုပ်ဖို့ အစိုးရပိုင်းကတင်မဟုတ်ပဲ ပုဂ္ဂလိကပိုင်းကလည်း လုပ်နိုင်တာတွေကို ညီလာခံက ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်။ ကျနော်တို့ ပုဂ္ဂလိကကဏ္ဍကို ပေါင်းစပ်ပြီး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားမယ်လို့လည်းပြောပါတယ်။

ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ ကို ၁၉၉၂ ခုနှစ်တုန်းက  တစ်ကြိမ်ကျင်းပခဲ့ဖူးပြီး အခု ၂၀၁၇ ခုနှစ်မှာ ဒုတိယအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013