DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းများ အခွင့်အရေးချိုးဖောက်ခံရပါက အွန်လိုင်းမှတိုင်ကြားနိုင်ရန် စီစဉ်
DVB
·
December 11, 2017
မသန်စွမ်းများ အခွင့်အရေးချိုးဖောက်ခံရပါက အွန်လိုင်းမှတိုင်ကြားနိုင်ရန် စီစဉ်
Donate to DVB

 

မသန်စွမ်းသူတွေအနေနဲ့ အခွင့်အရေးချိုးဖောက်ခံရတာတွေ ရှိလာပါက အွန်လိုင်း ကတဆင့် တိုင်ကြားနိုင်မယ့် နည်းပညာဆိုင်ရာ ပလက်ဖောင်းတခု တည်ထောင်ဖို့ အလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

iSchool-Myanmar နည်းပညာဆိုင်ရာ အွန်လိုင်းပလက်ဖောင်းကို မသန်စွမ်းသူတွေ အနေနဲ့ လူ့အခွင့်အရေး ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေမှာ ချိုးဖောက်ခံရတာတွေကို တိုင်ကြားနိုင်မှာဖြစ်ပါတယ်။

အခုလို တိုင်ကြားမှုတွေနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအနေနဲ့ ကူညီဖြေရှင်း အကြံဉာဏ် ပေးမှုတွေ လုပ်ဆောင်ပေးမှာဖြစ်သလို ဌာနဆိုင်ရာတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

အဲဒီ အွန်လိုင်းပလက်ဖောင်းမှာ မသန်စွမ်းသူတွေပါဝင်သလို ဥပဒေအကြံပေး ပုဂ္ဂိုလ် တွေပါ ပါဝင်မယ်လို့ သိရပါတယ်။ ဒီအွန်လိုင်းပလက်ဖောင်းဟာ ၁၀ လ စီမံကိန်းရေးဆွဲထားတာ ဖြစ်ပြီး စီမံကိန်းကာလ ပြီးစီးပါက အချက်အလက်တွေ စုဆောင်းကာအစီရင်ခံစာတစောင်ကို ရေးဆွဲသွားမှာဖြစ်ပြီး လွှတ်တော်ကို တင်ပြဖို့ရှိပါတယ်။

အဲဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မသန်စွမ်း အဖွဲ့အစည်းတွေ မှ မသန်စွမ်းသူတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013