DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ် တောင်ပေါ်ခြံတစ်ခု၌ အမည်မသိအမျိုးသားအလောင်းတွေ့ရှိ
DVB
·
December 11, 2017
ပေါင်မြို့နယ် တောင်ပေါ်ခြံတစ်ခု၌ အမည်မသိအမျိုးသားအလောင်းတွေ့ရှိ
Donate to DVB

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ၊ ဦးထွန်းထွန်းရဲ့ တောင်ပေါ်ခြံအတွင်းမှာ ဒီဇင်ဘာ ၁၀ ရက်က အမည်မသိအမျိုးသားတစ်ဦးရဲ့ အလောင်းတွေ့ရှိခဲ့တယ်လို့ ပေါင်ရဲစခန်းက သိရပါတယ်။

တောင်ပေါ်ခြံပိုင်ရှင် ဦးထွန်းထွန်းက “ကျနော်ခြံထဲမှာ ပိန္နဲသီးလာခူးရင်းတွေ့ခဲ့တာပါ။ ခြံထဲကိုမရောက်ဖြစ်တာက တစ်ပတ်လောက်ရှိပါပြီ။ ရုပ်ပျက်ဆင်းပျက်ကြီးသေနေတာတွေ့တော့ ရဲစခန်းကို အကြောင်းကြားခဲ့တာပါ။ ကျနော့်ခြံထဲမှာက အရင်ကတည်းက ထင်းခြောက်တွေ လိုက်ခုတ်နေတဲ့ကလေးတွေ မကြာခဏထင်းလာခုတ်နေကြပါ။ ခြံထဲမှာက ပိန္နဲ၊ ဒညင်း၊ မရမ်းပင်တွေ အများဆုံးစိုက်ထားတာပါ။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကလည်း ဒီအနီးနား တဝိုက်မှာဘဲ ကြိုးဆွဲချသေတာနဲ့ သစ်ပင်ပေါ်ကပြုတ်ကျသေတာ ရှိခဲ့ဖူးပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

ကျွဲခြံကျေးရွာ၊ တောင်ရိုးတန်းပေါ်ရှိခြံတစ်ခြံမှာ အမျိုးသားတစ်ဦး ပုတ်ပွသေဆုံးနေကြောင်း သတင်းအရရဲတပ်ဖွဲ့ဝင်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သက်သေတွေက  သွားရောက်စစ်ဆေးခဲ့ကြပါတယ်။

စစ်ဆေးရာမှာ  တောင်ပေါ်ခြံလူသွားလမ်းဘေး မရမ်းပင်အောက်မှာ ခန္ဓာကိုယ် အပေါ်ပိုင်းအဝတ်ဗလာ၊ အောက်ပိုင်းအစိမ်းရောင်ပုဆိုးကို ခါးမှာချည်နှောင်ထားပြီး ပုတ်ပွသေဆုံး လောက်တွေစွဲနေကာ  အလောင်းရဲ့ ပေ ၂၀ခန့်အကွာမှာ အပြာရောင်တီရှပ်တစ်ထည်ကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနိုင်ဖို့  ပေါင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၅၇/၂၀၁၇ နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။

သတင်း=ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013